ဓာတ်ပုံ – Local

ယာရူစိင်၊ စက်တင်ဘာ ၁၇ ရက်၊ ဖားကန့်

ကချင်ပြည် ဖားကန့်မြို့နယ် အထက်မှော်ရှန်ရွာအနီးမှာ စစ်ကောက်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကလေးငယ် ၁ ဦးသေဆုံးပြီး ၄ ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ စက်တင်ဘာ ၁၇ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ဖားကန့်မြို့နယ် ဆိုင်းတောင် အထက်မှော်ရှန်ရွာအနီးမှာ စစ်တပ်က ရမ်းသမ်းပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

“ ဒဏ်ရာရတာကလည်း ကလေးတွေလည်း ပါဝင်တယ်။ ၂ ဦးတော့ ဒဏ်ရာပြင်းထန်နေပါတယ်။ ကလေး ၁ ဦးတော့ ပွဲချင်းပြီးသေဆုံးတာပါ။ တောင်ကြားလမ်းဘက်မှာ လက်နက်ကြီးကျတာ။ ကလေးတွေ ကစားနေကြတဲ့ အချိန်မှာ လက်နက်ကြီးကျတာပါ”လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်တပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် အသက် ၉ နှစ်အရွယ်သာရှိတဲ့ မမေမြတ်နိုးသွယ် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက် နေ့လယ် ၃ နာရီကျော်မှာလည်း မရှီကထောင်ကျေးရွာဘက်မှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်ကလည်း ဖားကန့်မြို့ ဆိပ်မူကျေးရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လိုက်လို့ ဒေသခံတစ်ဦး သေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိ ဖားကန့်မှာ စစ်ကောင်စီတပ်နဲ့KIAတပ်တို့အကြား စစ်ရေးတင်းမာနေဆဲ ဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေ မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်လေ့ရှိနေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။