လွေးဇွန်မိုး၊ ဧပြီ ၃၀ ရက်၊ တန့်ယန်း

စစ်ကောင်စီတပ် အုပ်ချုပ်နေဆဲဖြစ်တဲ့ ရှမ်းမြောက် တန့်ယန်းမြို့ ရပ်ကွက် ၂ က အိမ်ခန်းငှားတဲ့ နေရာတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပြီး ဒေသခံ အမျိုးသား ၃ ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေစီက သိရပါတယ်။

ဒီနေ့ ဧပြီ ၃၀ ရက် နေ့လည် ၁၂ နာရီခွဲဝန်းကျင်မှာ ရပ်ကွက် ၂ မှာ ပေါက်ကွဲမှုဖြစ်ပြီး အိမ်ခန်းငှားနေတဲ့အလုပ်သမား ၃ ဦး ဒဏ်ရာရခဲ့တဲ့အပြင် အိမ်ခန်း ၃ ခန်းလည်း ပျက်စီးခဲ့တယ်လို့ ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“သူတို့က ငါးမိုင်းခွဲတဲ့ ယမ်းတွေ ဘာတွေ လှောင်ထားတာကနေ ဖြစ်တာလို့တော့ အကြမ်းဖျင်းသိရတယ်။ ဗီဒီယိုထဲက ဖုန်တွေလူးနေတဲ့သူတွေ အဆောက်အဦးပြိုလို့ ဖုန်တွေလူးနေတာ။ မိုင်းထိတာ မဟုတ်ဘူး။ အခုဖြစ်နေရာမှာ ဦးလေးတို့သွားကြည့်တဲ့အချိန် အဲအိမ်မှာ ရှမ်းအဖွဲ့ ဦးထုတ်တွေချိတ်ထားတာလည်း တွေ့ရတယ်”

သိုလှောင်ထားတဲ့ ယမ်းတွေကနေတစ်ဆင့် ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပေမဲ့ ရွှေဖီမြေက သီးခြားအတည်မပြုနိုင်သေးပဲ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

လက်ရှိမှာ ဒဏ်ရာရထားတဲ့ လူတွေကိုတော့ တန့်ယန်းပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး ဒဏ်ရာရထားတဲ့သူတွေရဲ့ အချက်အလက်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

တန့်ယန်းမြို့နယ်ဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နဲ့ စစ်ကောင်စီတပ်တို့ သွားလာလှုပ်ရှားတဲ့ နယ်မြေဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။