ဓာတ်ပုံ- Local (ကွမ်းလုံမြို့ ဗျူဟာတပ်တွင်းရှိ လယ်ယာ)

ပို့လဘား၊ မတ်လ ၂၈ ရက်၊ ကွမ်းလုံ

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ကွမ်းလုံမြို့မှာ ကိုးကန့်တပ်သားတစ်ဦး ခြံရှင်းရာကနေ မိုင်းနင်းမိပြီး ခြေ‌တစ်ဖက် ပြတ်သွားပါတယ်။

မတ်လ ၂၆ ရက်က ကွမ်းလုံမြို့ရှိ ဗျူဟာတပ်အတွင်း ကြံစိုက်ဖို့ ခြံရှင်းရင်း မြေမြှုပ်မိုင်း နင်းမိခဲ့တာပဲ ဖြစ်ပါတယ်။

ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက “အဲဒီမှာ တပ်ပိုင်‌မြေ၊ လယ်ယာမြေတွေ ရှိတာပေါ့။ MNDAA က ကိုးကန့်တပ်သားအားလုံးကို ခြုံတွေ ရှင်းခိုင်းပြီး ကြံတွေ စိုက်ခိုင်းတာ။ အခု MNDAA တပ်သား‌တွေက ဒီအချိန်ဆို ကြံစိုက်ရတယ်‌လေ။ အဲမှာ ခြံရှင်းရင်းနဲ့ အဲဒီစကစ ထောင်ထားတဲ့ မိုင်း နင်းမိတာ။ စကစ ထောင်ထားတဲ့မိုင်းတွေ အကုန်မရှင်းရသေးတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီဘက်မှာ မြေမြှုပ်မိုင်း နင်းမိတာက ရှားတယ်။ သိပ်မကြားမိဘူး ဒီဟာနဲ့ဆို ၂ ခါလို့ ပြောရမှာပေါ့” လို့ ပြောပါတယ်။

ကွမ်းလုံမြို့ ဗျူဟာတပ်အတွင်းမှာရှိတဲ့ လယ်ကွက်တွေဟာ တပ်ပိုင်မြေအဖြစ် သတ်မှတ်ထားတာ ဖြစ်တယ်လို့ သူမက ဆက်ပြောပါတယ်။

မိုင်း နင်းမိတဲ့နေရာဟာ စစ်တပ်အာဏာမသိမ်းခင်ကတည်းက စစ်တပ် သိမ်းထားတဲ့ တပ်ပိုင်မြေတွေကို အဲဒီအနီးအနားမှာရှိတဲ့ တံတားဦးရွာ၊”ဝ”ရွာသစ် စတဲ့ကျေးရွာခံတွေနဲ့ တစ်ယောက်တစ်ဝက် ငှားရမ်းပေးတာရှိပြီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ခဲ့တာလို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

ကွမ်းလုံမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်မှာ MNDAA နဲ့ ပူပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။