ပျားကြီး၊ ဖေဖော်ဝါရီ ၁၆ ရက်၊ ရန်ကုန်

ရန်ကုန်တိုင်း လှိုင်မြို့နယ် အင်းစိန်လမ်းမပေါ်က ဘာဒါဈေးကြီးမှာ မီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁၅ ရက် ညသန်းခေါင် ၁၂ နာရီဝန်းကျင်မှာ ဘာဒါဈေးအတွင်းပိုင်းကစပြီး မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်း စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းကျော် ပျက်စီးခဲ့ပါတယ်။

“ဈေးအလယ်လောက်ကစပြီး လောင်တာ ပေါက်ကွဲတာတွေလည်း ရှိတော့ တစ်ဆိုင်နဲ့တစ်ဆိုင် ကူးတာ အရမ်းမြန်တယ်။ ကောင်းကင်တစ်ခုလုံးကို နီရဲနေတာပဲ။ အတော်များများ ပျက်စီးတော့ ဆုံးရှုံးမှု အရမ်းများမှာ” လို့ လှိုင်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ဘာဒါဈေးကြီးမှာ ဈေးရုံပေါင်း ၁၅ ရုံရှိပြီး အခုလို မီးလောင်ကျွမ်းမှုကြောင့် ဈေးရုံပေါင်း ၉ ရုံမှာရှိတဲ့ ဆိုင်ခန်းပေါင်း ၄၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေတဲ့ ပရဟိတ အသင်းသားတစ်ဦးက ပြောပါတယ်။

Level 2 အဆင့် သတ်မှတ်ခဲ့ရသလို ၁ နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရတဲ့ ဘာဒါဈေးကြီး မီးလောင်မှုမှာ မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းအရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

“စဖြစ်တဲ့အချိန်က တစ်မြို့နယ်လုံးလိုလို မီးပျက်နေတဲ့အချိန်ဗျ။ ဝါယာရှော့ မဟုတ်တာ သေချာတယ်။ ဈေးရုံတွေ ပိတ်ထားတဲ့အချိန် ညသန်းခေါင်ကြီး ဈေးလယ်က စလောင်တာက စဉ်းစားစရာပဲ” လို့ မျက်မြင်တွေ့သူ ဒေသခံတစ်ဦးက ပြောပါတယ်။

အလားတူ ဖေဖော်ဝါရီ ၁၄ ရက် မနက် ၄ နာရီခန့်ကလည်း မြောက်ဥက္ကလာပမြို့နယ် အောင်မင်္ဂလာ အဝေးပြေးကားဝင်းအနီးက သီရိရတနာဈေးမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ် ၁၂ နာရီခန့်က သင်္ဃန်းကွန်းမြို့နယ် သုမင်္ဂလာအိမ်ရာမှာလည်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။