ဓာတ်ပုံ- TNLA

လွေးလာဝ်ဇာရ်၊ မတ်လ ၁၂ ရက်၊ နမ့်ခမ်း

TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ပန်ဟန်ကြီးကျေးရွာအုပ်စု ဖပြန်(ဖဖဲန်)ရွာမှာ ဘတ္ထရီအိုးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားရာကနေ နေအိမ်တစ်လုံး မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၀ ရက် မနက် ၉ နာရီဝန်းကျင်မှာ ဘတ္ထရီးအိုးတစ်လုံးကို ဆိုလာပြားနဲ့ အားသွင်းထားရာကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက “ငါတို့ဘက်ကျတော့ တော်တော်များများက ဘတ္ထရီ သွင်းထားတာ။ အဲကနေ ပေါက်ကွဲမှု ဖြစ်တာ။ ဘာလို့ဆိုတော့ ဆိုလာက ဘတ္ထရီထက် ကြီးလို့လေ။ ရွာဘက် အများစုက စရိတ်သက်သာအောင်ဆိုပြီး ဆိုင်ကယ်ဘတ္ထရီကိုဝယ်ပြီး ဆိုလာနဲ့ သွင်းကြတယ်။ တစ်နေကုန် သွင်းတော့ ပူပြီး ပေါက်တာပေါ့။ ဆန်စပါးတွေလည်း မီးထဲ ပါသွားကုန်ပြီ” လို့ ပြောပါတယ်။

မီးလောင်ပြာကျသွားတဲ့ အဲဒီနေအိမ်ဟာ မိသားစုနှစ်စု နေထိုင်ကြတယ်လို့ အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။

ငွေခါးကွင်း ၁ ကွင်း၊ ဆွဲကြိုး ၂ ကွင်း၊ ထင်းဖြတ်စက် ၂ လုံးနဲ့ ဆန်စပါးအပါအဝင် စုစုပေါင်း မီးလောင်ဆုံးရှုံးသွားတဲ့ တန်ဖိုးဟာ ကျပ်သိန်းပေါင်း ၁၀၀ ကျော် ရှိတယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နွေရာသီမှာ အပူချိန်မြင့်ပြီး မီးလောင်မှု ဖြစ်ပွားစေနိုင်တာကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ကျေးရွာပိုင်း ကွင်းဆင်းပြီး ဒေသခံလူထုတွေကို အသိပညာပေး လုပ်‌ပေးစေချင်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်မှာလည်း နမ့်ခမ်းမြို့နယ် နမ့်စိတ်ရွာမှာ ဝိုင်ယာကြိုး ရှော့လ်ဖြစ်ရာကနေ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်မှုဟာ တအာင်းဒေသဖြစ်တဲ့ နမ့်ဆန်၊ နမ့်ခမ်းနဲ့ နမ္မတူမြို့နယ်‌မှာ မကြာခဏ ဖြစ်ပွားနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။