ဓာတ်ပုံ- Local

လွေးဇွန်မိုး၊ ဧပြီ ၅ ရက်၊ နမ့်ခမ်း

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကွန်လုံကျေးရွာမှာ ဝါယာကြိုး ရှော့ဖြစ်ရာကနေ နေအိမ်တစ်လုံး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဧပြီ ၅ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှာ လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်ရာကနေ မီး စလောင်ခဲ့တာဖြစ်ပြီး ၁၀ နာရီဝန်းကျင်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးငြိမ်းသတ်ရာမှာ ပါဝင်ခဲ့တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

“လျှပ်စစ်မီးကနေ လာတာပေါ့။ သူတို့ မီးကြိုး ရှော့ဖြစ်ပြီးတော့ အိမ် မီးလောင်သွားတာ။ လူထိတာတော့ မရှိဘူး။ သူတို့ရဲ့ အိမ်ထောင်စုနဲ့ မှတ်ပုံတင်တွေလည်း အကုန်ပါသွားတယ်”

နေအိမ်တစ်ခုလုံး မီးလောင်ပြာကျခဲ့ပြီး မီးလောင်မှုကြောင့် အိမ်ထောင်စု၊ မှတ်ပုံတင်၊ ငွေသား သိန်း ၅၀၊ ဆန် ၅ အိတ်၊ စပါးတစ်အိတ်၊ ပဲပုတ်စေ့ ၂၁ အိတ်နဲ့ လက်ဝတ်ရတနာတချို့လည်း ပါသွားခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မနေ့ ဧပြီ ၄ ရက် မနက် ၁၁ နာရီခွဲ‌ကျော်မှာလည်း ကွတ်ခိုင်မြို့ ရပ်ကွက်(၅) ရှမ်းဘုန်းကြီးကျောင်းအနီးရှိ နေအိမ်တစ်အိမ် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ရှမ်းမြောက် ကွတ်ခိုင်၊ မိုးမိတ်၊ ကျောက်မဲ စတဲ့မြို့နယ်တွေမှာ ပြီးခဲ့တဲ့ မတ်လအတွင်း မီးလောင်မှု ၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ကျပ်သိန်းပေါင်း (၁,၄၀၀)ကျော် ဆုံးရှုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။