ဓာတ်ပုံ- PSLF/TNLA

ယာရူစိင်း၊ ဇန်နဝါရီ ၁၅ ရက်၊ နမ့်ခမ်း

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ် နမ့်စိတ်ကျေးရွာမှာ ဝိုင်ယာကြိုး ရှော့လ်ဖြစ်ရာကနေတဆင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက် နေ့လယ် ၂ နာရီ‌ေကျာ်မှာ အိမ်ရှင် ဦးအိုက်ကီဆိုသူဟာ အသုဘသို့ သွားနေစဉ် ဝိုင်ယာကြိုး ရှော့လ်ဖြစ်ကာ နေအိမ် မီးလောင်ခဲ့တာလို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သူတို့အိမ်ကို သွားရောက်တဲ့အခါမှာ အိမ်အကုန်မီးလောင်နေပြီ ဘာမှမရှိတော့ဘူး။ အဲနေ့က သူတို့အမျိုးအိမ်က အသုဘရှိတော့ သူတို့အကုန်သွားတယ်။ ပဌာန်းပွဲနဲ့လည်း တိုက်တော့လေ သူတို့အိမ်မှာ ဘယ်သူမှ မရှိဘူး။ သူတို့အိမ်ဘေးပတ်ဝန်းကျင်မှာလည်း ဘယ်သူမှ မရှိတော့ ပြန်လာတဲ့အချိန်မှာ အိမ်က ဘာမှမကျန်တော့ဘူး”

နေအိမ်အတွင်း ဆုံးရှုံးမှုဟာ အသုံးအဆောင်ပစ္စည်း၊ ဖုန်းတစ်လုံးနဲ့ ဆန်စပါးအပါအဝင် သိန်း ၅၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

မီးလောင်ရာနေရာသို့ PSLF/TNLA ရဲ့ မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား၊ တအာင်းပြည် ပညာရေးကောင်စီ- TLEC ရဲ့ ကျောင်းသူကျောင်းသား၊ ရွာခံလူထုနဲ့အတူ ဝိုင်းဝန်းငြိမ်းသတ်ပေးခဲ့ကြောင်း PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။