ဓာတ်ပုံ – Local

လွေးလာဝ်ဇာရ်၊ ဖေဖော်ဝါရီ ၂ ရက်၊ ဘုတလင်

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ စစ်‌ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲမှုကြောင့် စိမ့်တော၊ တောရ ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော် ဦးက္ကဒ္ဓိဗလ ပျံလွန်တော်မူသွားတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် ညနေ ၅ နာရီမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒရုန်းနဲ့ ၂ ကြိမ် လာရောက် ကြဲချခဲ့ပြီး နောက်ဆုံးအလုံးက ကျောင်းဝန်းထဲ ကျရောင်ပေါက်ကွဲပြီးတော့ သက်တော် ၅၀ နှစ်ရှိပြီဖြစ်တဲ့ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူသွားခဲ့ပါတယ်။

ဒေသခံ အမျိုးသားတစ်ဦးက “ဒရုန်းနဲ့ နှစ်ကြိမ် လာပစ်တယ်။ ပထမတစ်ခါက တောထဲမှာဘဲ ကျတာ။ နောက်ဆုံးကျတော့ ကျောင်းဝန်းထဲ ကျတာ။ ကျောင်းထိုင် ဆရာတော်ကိုထိပြီး ပျံလွန်တော်မူသွားတယ်။ တော်သေးလို့ ကျောင်းမှာ ဆရာတော်တစ်ပါးဘဲရှိတာ” လို့ ပြောပါတယ်။

စစ်တပ် ဒရုန်းနဲ့ ပစ်လိုက်တဲ့ကျောင်းဟာ ဘုတလင်မြို့ အနောက်ဘက်ခြမ်းရဲ့ တစ်မိုင်ခွဲအကွာမှာရှိတဲ့ စိမ့်တော တောရ ဘုန်းကြီးကျောင်း ဖြစ်ပါတယ်။

ဘုတလင်မြို့ အနောက်ဘက်ခြမ်းမှာ စစ်တပ်က မကြာခဏ စစ်ကြောင်းထိုးပြီး လေကြောင်းသုံး တိုက်ခိုက်မှု ပြုလုပ်တဲ့အပြင် ဒရုန်းဗုံးနဲ့ပါ ကြဲချတာ မကြာခဏ လုပ်ဆောင်နေတယ်လို့ ၎င်းက ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။