ဓာတ်ပုံ – Google (ပုံဟောင်း)

ယာရူစိင်း၊ ဇန်နဝါရီ ၂၄ ရက်၊ တန့်ယန်း

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တန့်ယန်းမြို့မှာ ရွှေဆိုင်တစ်ဆိုင် ဓားပြ တိုက်ခံရပြီး တစ်ပတ်အတွင်း ဓားပြတိုက်မှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မနေ့ ဇန်နဝါရီ ၂၃ ရက် နေ့လယ်ပိုင်းမှာ တန့်ယန်းမြို့ ရပ်ကွက်(၄)ရှိ မြို့မဈေးထဲက ရွှေဆိုင်တစ်ဆိုင်ကို သေနတ် ကိုင်ဆောင်ထားတဲ့ လူတစ်စုက ကားနဲ့ လာရောက်ကာ ဓားပြတိုက်သွားတယ်လို့ တန့်ယန်းမြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အဲဓားပြတွေက သေနတ် ပါတယ်။ ဆိုင်ပိုင်ရှင်ကို သူတို့က လည်ပင်း ညှစ်ပြီး‌ သေနတ်‌ ထောက်တယ်။ ပြီးကျ ရှိသမျှ ရွှေတွေ အကုန်ယူသွားတာ အများကြီး ပါသွားတယ်။ အဲဒီနားမှာကျ လူတွေအများကြီးပါ လူပျက်တဲ့အချိန်ဆိုရင် ရှားတယ်”

ဓားပြတိုက်သူတွေ ယူဆောင်သွားတဲ့ ရွှေတွေရဲ့တန်ဖိုး အသေးစိတ် မသိရသေးဘဲ ဓားပြအဖွဲ့ထဲက အမျိုးသားတစ်ဦးကိုတော့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လူထုတွေက ဝိုင်းဝန်းဖမ်းဆီးရမိခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးကလည်း “ပြီးခဲ့တဲ့ ၁၉ ရက်ကလည်း ဓားပြတိုက်မှု ဖြစ်သေးတယ်။ ဒါပေမဲ့ ဆိုင်ပိုင်ရှင်က ဒီအတိုင်းဘဲ ထားလိုက်တာ။ ဘာမှ တိုင်ကြားတာ မရှိဘူး။ ဒီရက်ပိုင်းမှာ ဓားပြတိုက်မှု မကြာခဏ ဖြစ်ပွားနေတယ်ဗျ။ အသွားအလာလည်း မလုံခြုံတော့ပါဘူးဗျ။ တော်တော် ဆိုးဆိုးဝါးဝါး ဖြစ်နေပါတယ်” ဆိုပြီး ပြောပါတယ်။

တန့်ယန်းမြို့ထဲ ကျားဖြန် လုပ်ကိုင်သူတွေ ရောက်လာပြီးနောက် စားသောက်ကုန်နဲ့ အိမ်ခန်းငှားခ အဆမတန် ဈေးတက်လာပြီး တရားဥပဒေစိုးမိုးရေးလည်း အားနည်းနေကြောင်း ဒေသခံတွေက ရွှေဖီမြေသို့ ပြောဆိုထားဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။