ဓာတ်ပုံ – CJ

ပို့လဘား၊ မတ်လ ၆ ရက်၊ မိုင်းယုလေး

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာအုပ်စု ဟိုခိုရွာနေ အသက် ၁၈ နှစ်အရွယ်ရှိတဲ့ လွေးခမ်းလာဝ်က တရုတ်ပြည်ဘက်မှာ အလုပ်လုပ်ဖို့ သွားရာကနေ ၁လကြာတဲ့အထိ အဆက်အသွယ်မရပဲ ဒီနေ့ မတ်လ ၆ ရက်မှာတော့ အိမ်ပြန်ရောက်ရှိလာတာ ဖြစ်တယ်လို့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လွေး‌ခမ်းလာဝ်ဟာ တရုတ်ပြည်မှာ အလုပ်သွားလုပ်ရာကနေ တရုတ်ရဲတွေ ဖမ်းဆီးတာခံရတာကြောင့် အိမ်နဲ့ အဆက်အသွယ်မရတော့တာ ဖြစ်တယ်လို့ ပြောပါတယ်။

မိသားစုဝင်တစ်ဦးက”သူတရုတ်စကားမတတ်ဘူးလေ။ ခရီးတွေလည်း သူမထွက်ဖူးဘူး။ အခုသူ့သူငယ်ချင်းတွေ ခေါ်လို့ မူဆယ်မှာ ထမင်းဆိုင်တခုလုပ်မယ်ဆိုပြီး သူ့ကိုခေါ်တာ။ အဲကြောင့်သူမူဆယ်ဘက်သွားလိုက်တာ။ ဟိုရောက်တော့ သူ့သူငယ်ချင်းက မူဆယ်မှာ လုပ်ရမှာ မဟုတ်ဘူး။ ရွှေလီမှာ လုပ်ရမှာဆိုပြီး သူသွားလိုက်တာ။ စက်ရုံတစ်ခုမှာ အလုပ်သွားလုပ်တာ။ ၈ ရက်လောက်ပဲ သူလုပ်ရသေးတယ်။ သူတို့သူ‌ဌေးက သူတို့ကို နေထိုင်ခွင့်လုပ်မယ်ဆိုပြီး ခေါ်သွားလိုက်တာ။ လမ်းမှာ ရဲတွေနဲ့တွေ့လို့ ရဲဖမ်းတာ ခံရတယ်။ သူတို့ မှတ်ပုံတင်အတုဆိုတော့လေ။ လောက်ပန်းကျတော့ မသိဘူး။ မှတ်ပုံတင်အတုဆိုတာ”လို့ ဆိုပါတယ်။

အဆိုပါအမျိုးသမီးငယ်ဟာ တရုတ်ရဲတွေက ၎င်းကို အချုပ်ထဲမှာ တစ်လနီးပါး ချုပ်ထားပြီး ဒီနေ့ မတ်လ ၆ ရက်မှာတော့ မူဆယ်မြို့ဘက်ကို ပြန်ပို့ပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်က လွေးခမ်းလာဝ်ဟာ ဟိုခိုရွာကနေ မူဆယ်မြို့ကို တက်လာပြီးတော့ ရွှေလီမြို့ ခိုးပေါက်ထဲကို ပွဲစားကနေတဆင့် ဝင်သွားခဲ့ကြတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။