ဓာတ်ပုံ – CJ

ပို့လဘား၊ မတ်လ ၆ ရက်၊ မိုင်းယုလေး

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာအုပ်စု ဟိုခိုရွာနေ အသက် ၁၈ နှစ်အရွယ်ရှိတဲ့ လွေးခမ်းလာဝ်က တရုတ်ပြည်ဘက်မှာ အလုပ်လုပ်ဖို့ သွားရာကနေ ၁လကြာတဲ့အထိ အဆက်အသွယ်မရပဲ ဒီနေ့ မတ်လ ၆ ရက်မှာတော့ အိမ်ပြန်ရောက်ရှိလာတာ ဖြစ်တယ်လို့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လွေး‌ခမ်းလာဝ်ဟာ တရုတ်ပြည်မှာ အလုပ်သွားလုပ်ရာကနေ တရုတ်ရဲတွေ ဖမ်းဆီးတာခံရတာကြောင့် အိမ်နဲ့ အဆက်အသွယ်မရတော့တာ ဖြစ်တယ်လို့ ပြောပါတယ်။

မိသားစုဝင်တစ်ဦးက”သူတရုတ်စကားမတတ်ဘူးလေ။ ခရီးတွေလည်း သူမထွက်ဖူးဘူး။ အခုသူ့သူငယ်ချင်းတွေ ခေါ်လို့ မူဆယ်မှာ ထမင်းဆိုင်တခုလုပ်မယ်ဆိုပြီး သူ့ကိုခေါ်တာ။ အဲကြောင့်သူမူဆယ်ဘက်သွားလိုက်တာ။ ဟိုရောက်တော့ သူ့သူငယ်ချင်းက မူဆယ်မှာ လုပ်ရမှာ မဟုတ်ဘူး။ ရွှေလီမှာ လုပ်ရမှာဆိုပြီး သူသွားလိုက်တာ။ စက်ရုံတစ်ခုမှာ အလုပ်သွားလုပ်တာ။ ၈ ရက်လောက်ပဲ သူလုပ်ရသေးတယ်။ သူတို့သူ‌ဌေးက သူတို့ကို နေထိုင်ခွင့်လုပ်မယ်ဆိုပြီး ခေါ်သွားလိုက်တာ။ လမ်းမှာ ရဲတွေနဲ့တွေ့လို့ ရဲဖမ်းတာ ခံရတယ်။ သူတို့ မှတ်ပုံတင်အတုဆိုတော့လေ။ လောက်ပန်းကျတော့ မသိဘူး။ မှတ်ပုံတင်အတုဆိုတာ”လို့ ဆိုပါတယ်။

အဆိုပါအမျိုးသမီးငယ်ဟာ တရုတ်ရဲတွေက ၎င်းကို အချုပ်ထဲမှာ တစ်လနီးပါး ချုပ်ထားပြီး ဒီနေ့ မတ်လ ၆ ရက်မှာတော့ မူဆယ်မြို့ဘက်ကို ပြန်ပို့ပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်က လွေးခမ်းလာဝ်ဟာ ဟိုခိုရွာကနေ မူဆယ်မြို့ကို တက်လာပြီးတော့ ရွှေလီမြို့ ခိုးပေါက်ထဲကို ပွဲစားကနေတဆင့် ဝင်သွားခဲ့ကြတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။