အလင်း၊ ဖေဖော်ဝါရီ ၄ ရက်၊ ဂန့်ဂေါ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှ ရဲဘော်တစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ စစ်ကောင်စီတပ်ထံ သွားရောက်ပူးပေါင်းသွားတယ်လို့ ဒေသတွင်း စစ်ရေးသတင်းအရင်းမြစ်ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက် ညနေပိုင်းမှာ ဂန့်ဂေါခရိုင် အမှတ် (၁၄) တပ်ရင်းမှ ရဲဘော် ကျော်မင်းလှိုင် (ခ) အကြီးကောင်ဟာ ဂန့်ဂေါမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ ၅၀ တပ်ရင်းသို့ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။

“အစတော့ အဆက်သွယ်ပြတ်သွားလို့ ထင်တာ။ နောက်မှ ဇနီး၊ ကလေးနဲ့အတူ စစ်ကောင်စီဘက်ကို ပူးပေါင်းသွားတာပါ။ သေနတ်တစ်လက်လည်း ပါသွားတယ်။ သူ့က ရန်ကုန်ဇာတိပါ” လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

အဲဒီ ရဲဘော်ဟာ တပ်တွင်းသတင်းတွေနဲ့ တည်နေရာတွေကို သိရှိထားနိုင်တဲ့အတွက် ၎င်းနဲ့ အဆက်အသွယ်ရှိခဲ့သူတွေအနေနဲ့ လုံခြုံရေးအရ အထူးဂရုစိုက်ကြဖို့ကို လိုအပ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီက သတင်းအချက်အလက်တွေ ရရှိပြီး စစ်ကြောင်းထိုးလာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေ ကြိုတင်ပြင်ဆင်ထားဖို့လည်း တိုက်တွန်းထားပါတယ်။

“ပူးပေါင်းသွားတဲ့ ရဲဘော်ရဲ့ သတင်းပေးမှုတွေကြောင့် စကစ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာဖို့ ခန့်မှန်းထားတယ်။ ဒီရက်ပိုင်းထဲ စစ်ရေးသတိရှိဖို့ လိုပါလိမ့်မယ်”လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဂန့်ဂေါမြို့နယ်အတွင်းမှာ စစ်ရေးတင်းမာမှုတွေ ရှိနေချိန်မှာပဲ အဆိုပါရဲဘော်က အခုလို အလင်းဝင်သွားတာ ဖြစ်ပါတယ်။

မနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ စန်းမြို့ရွာအနီးသို့ စစ်ကောင်စီက လေကြောင်းမှတစ်ဆင့် ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။