ယာရူစိင်၊ ဧပြီ ၂၃ ရက်၊ သီပေါ
တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာ ဖယောင်းတိုင်မီး ထွန်းရာကနေတဆင့် မဟာမြတ်မုနိကျောင်း မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
ဧပြီ ၂၁ ရက် ည ၉ နာရီ ၄၀ က ဘုရားစင်မှာ ထွန်းထားတဲ့ ဖယောင်းတိုင်ကနေတဆင့် မဟာမြတ်မုနိကျောင်းဝန်းထဲရှိ ဝါဆိုကျောင်းဆောင် မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သီပေါမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဘုရားစင်မှာ ထွန်းထားတာပေါ့။ ဖယောင်းတိုင်က လဲကျလို့ ခင်းထားတဲ့ ကော်ဇောကို မီးက စွဲသွားတာပေါ့။ အထိအခိုက်တော့ မရှိဘူး။ အကုန်လုံး ဘေးကင်းပါတယ်”
မီးလောင်မှုအတွင်း ဆုံးရှုံးသွားတဲ့ ပစ္စည်းတန်းဖိုးဟာ ကျပ်သိန်း ၄၀ ကျော် ရှိတယ်လို့လည်း သိရပါတယ်။
မီးကိုတော့ PSLF/TNLA ရဲ့ မီးသတ်တပ်ဖွဲ့ရဲ့ မီးသတ်ကား ၃ စီးနဲ့အတူ ဝိုင်းဝန်းငြိမ်းသတ်ပေးရာ ည ၉ နာရီ ၅၅ မိနစ်မှာ မီးငြိမ်းသွားပါတယ်။