ဓာတ်ပုံ- မီးသတ် (မန္တလေး)

ပျားကြီး၊ ဇန်နဝါရီ ၁၀ ရက်၊ မန္တလေး

မန္တလေးတိုင်းက ယာဥ်ထိန်းရဲ ဝန်ထမ်းအိမ်ယာတစ်ခု ဒီနေ့ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက် ၁၀ နာရီဝန်းကျင်မှာ ချမ်းအေးသာဇံမြို့နယ် ၂၉ လမ်းနဲ့ လမ်း ၃၀ ကြား ၆၈ လမ်းနဲ့ ၆၉ လမ်းကြားမှာရှိတဲ့ ယာဥ်ထိန်းရဲ ဝန်ထမ်းအိမ်ယာမှာ မီးလောင်ခဲ့တာ ဖြစ်ပါတယ်။

“၄ ခန်းတွဲ အိမ်ယာတွေ လောင်တာပေါ့။ လူထိခိုက်တာတော့ မကြားမိဘူး။ ဒီနားက တိုင်းအရံ ရဲရုံးတို့၊ ခရိုင်တရားရုံးတို့နဲ့ နီးတော့ မီးအကူးမခံဘူး။ အသည်းအသန် ငြိမ်းနေကြတာ” လို့ မီးလောင်မှုကို စောင့်ကြည့်ခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

မီးလောင်မှု ဖြစ်ပွားနေချိန်မှာ အနီးဝန်းကျင်က လမ်းမကြီးအားလုံးကို ပိတ်ဆို့လိုက်ပြီး မှတ်တမ်းဓာတ်ပုံ ရိုက်ကူးသူကိုလည်း ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

မီးလောင်မှုကြောင့် ၄ ခန်းတွဲ ဝန်ထမ်းအဆောင် ၂ ဆောင်၊ စုစုပေါင်း အခန်း ၈ ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်မှု ဖြစ်ပွားရတဲ့ အကြောင်းအရင်းကိုတော့ လတ်တလော မသိရသေးပါဘူး။

ယာဥ်ထိန်းရဲဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့ပေါ် နေ့စဥ်နဲ့အမျှ လူထုတွေအပေါ် အပြစ်ရှာ ဖမ်းဆီးပြီး ဒဏ်ငွေ အဆမတန် တောင်းယူလေ့ ရှိပေမဲ့ လက်ရှိ ဝန်ထမ်းလိုင်းခန်း မီးလောင်မှုမှာတော့ ချမ်းအေးသာဇံမြို့နယ်ထဲ စစ်ဆေးဖမ်းဆီးတာတွေ ညနေပိုင်းအထိ မရှိဘူးလို့ ဒေသခံတွေက ပြောဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။