ဓာတ်ပုံ- Local

မိုင်းပန်ပျော်၊ ဧပြီ ၂၂ ရက်၊ သီပေါ

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့နယ်က အမျိုးသားတစ်ဦး ဆေးကြောင်ပြီး မိခင်ဖြစ်သူကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၁၁ ရက် ည ၇ နာရီဝန်းကျင်မှာ သီပေါမြို့နယ် တုံစင့်ရွာမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ဆေးကြောင်ပြီး အသက် ၆၀ ကျော်အရွယ် မိခင်ကို သတ်ဖြတ်ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သူ့အမေက ဘုရားရှိခိုးနေတဲ့အချိန် သူက အခန်းထဲ ဝင်ပြီး ရွှေငွေတွေကို ခိုးဖို့ လုပ်နေတာ။ သူ့အမေ မြင်ပြီးတော့ သူ့ကို လှမ်းအော်တာ။ အဲဒါကို သူ့အမေရဲ့ လည်ပင်းကိုညစ်ပြီး တွန်းချတော့ နောက်စိကို ထိပြီး နားထဲ သွေးထွက်ပြီး သေသွားတယ်”

ကျူးလွန်သူ အမျိုးသားဟာ အသက် ၃၃ နှစ်အရွယ် ငြိမ်းချမ်းအောင်ဆိုသူဖြစ်ပြီး ဖခင်ဖြစ်သူက ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားတာကြောင့် စစ်ဆေးမှု ပြုလုပ်နေတယ်လို့ ၎င်း‌က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာလည်း သီပေါမြို့နယ် စံဖိတ်ရွာမှာ အမျိုးသားတစ်ဦးက သူ့ရဲ့မိသားစုဝင်ကို ဓားနဲ့ခုတ်လို့ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။