ဓာတ်ပုံ- Local

အိုက်ပွီး၊ ဧပြီ ၂၅ ရက်၊ ကျောက်ဖြူ

ယာယီ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သက်တမ်း တိုးမြှင့်ထားတဲ့ စစ်ကောင်စီတပ်က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကို အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်ဘေးရှောင်အမျိုးသမီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ကျောက်ဖြူမြို့နယ် ရေနံတောင်ရွာကို စစ်တပ်က မြေပြင်မှာ တိုက်ပွဲမရှိဘဲ မနေ့ ဧပြီ ၂၄ ရက် နေ့လယ်ကစပြီး ဒရုန်းနဲ့လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ရာ အရပ်သား ထိခိုက်သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။

“နေ့လယ် ၂ နာရီလောက်ကစပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာပါ။ စုစုပေါင်း သုံးကြိမ်လောက် တိုက်ခိုက်သွားတယ်။ ရွာထဲမှာက ဘာတိုက်ပွဲမှမရှိဘဲ အရပ်သားတွေ ပုံမှန်အတိုင်းပါပဲ။ ထူးခြားတာလည်း မရှိဘူး။ အရပ်သားတွေချည်းနေတော့ အရပ်သားတွေပဲ ထိခိုက်တာပေါ့” လို့ ကျောက်ဖြူမြို့နယ် ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

သေဆုံးသူဟာ ရေနံတောင်ရွာမှာ စစ်ဘေးရှောင်နေတဲ့ ကုလဘာရွာက အသက် ၆၂ နှစ်အရွယ် ဒေါ်မယဥ္နုဖြစ်ပြီး အသက် ၇၆ နှစ်အရွယ် ဦးလှစံလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် နေအိမ်နဲ့ စျေးဆိုင်တချို့လည်း ဗုံးစ ထိမှန်ပြီး မီးလောင်ပျက်စီးသွားပါတယ်။

စစ်တပ်က ဒီရက်ပိုင်း ၎င်းတို့ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ ကျေးရွာတွေကို ပြန်လည်ရရှိဖို့အတွက် မြေပြင်ကနေ စစ်ကြောင်း ထိုးလာသလို ဒရုန်း၊ လက်နက်ကြီးကျည်နဲ့လည်း ပစ်ခတ်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

“ရေတပ်ဌာနချုပ်အနီးတွေ၊ ကျောက်ဖြူ ရဲတပ်ရင်းအနီးတွေဆို ပြီးခဲ့တဲ့ လတွေက အေအေ ထိုးစစ်ဆင်လို့ လက်လွှတ်လိုက်ရတဲ့နေရာတွေ၊ စခန်းတွေ ရှိတယ်။ အခုအဲနေရာတွေက ပြန်ရဖို့ စစ်ကြောင်း ထိုးတယ်။ လက်နက်ကြီးတွေ ပစ်တယ်။ ဒရုန်းတွေ တိုက်ခိုက်တယ်။ တိုက်ပွဲက ကြီးကြီးမားမားမရှိပေမဲ့ လက်နက်ကြီးနဲ့ ဒရုန်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေက ရှိတယ်” လို့ ကျောက်ဖြူမြို့နယ်မှ စစ်ရေးသတင်းအရင်းအမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

စစ်ကောင်စီက ယာယီ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလ ဧပြီ ၂ ရက်မှ ၂၂ ရက်အထိ ကြောညာပေမဲ့ အဲဒီ ရက် ၂၀ ကာလအတွင်း ရခိုင်ပြည်နယ်မှာ လေကြောင်းဗုံးကြဲမှုအပါအဝင် ပစ်ခတ်တိုက်ခိုက်မှု ၄၀၉ ကြိမ် ရှိခဲ့တယ်လို့ AA ရဲ့ လူသားချင်းစာနာထောက်ပံ့ရေးရုံး- HDCO က မနေ့ ဧပြီ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။