ဓာတ်ပုံ – KNU

ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ ကျောက်ကြီး

ကရင်အမျိုးသားအစည်းအရုံး- KNU/KNLA ထိန်းချုပ်တဲ့ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် (လယ်ဒို)ထဲ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးနဲ့ ဒရုန်းကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာ ရတာအပြင် နေအိမ် ၂၄ လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ KNU က မနေ့ ဖေဖော်ဝါရီ ၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

မနေ့ နေ့လယ် ၁၂ နာရီမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၁ လုံး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘီးလင်းမြို့နယ် မင်းစောကျေးရွာအုပ်စု တဂေးလောင်းရွာ (ထီးဆိဘောရွာ)ဘုန်းကြီးကျောင်းဝန်းထဲ ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုကြောင့် ဘုရားစေတီ၊ သာသနာအဆောက်အအုံနဲ့ စုစုပေါင်း နေအိမ် ၁၇ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက် ညနေ ၆ နာရီမှာ ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီ ခလရ ၂၆၄ တပ်ရင်းက ဒရုန်းနဲ့ ဗုံး ၃ လုံး ပစ်ချခဲ့တာကြောင့် နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဖေဖော်ဝါရီ ၅ ရက်မှာ ခလရ ၂၆၄ တပ်ရင်းကနေ ငဖယ်အင်းရွာထဲ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ နော်ဒေးပလာဆိုသူ ဒဏ်ရာ ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်မှာ တောင်ခင်၊ ကြိတ်ကွင်းနဲ့ ဘုရားငုတ်တိုရွာကို စစ်တပ်က ဒရုန်းဗုံး ကြဲချခဲ့တာကြောင့် နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အသက် ၃၀ အရွယ် နော်ဝါဝါထွန်း ထိခိုက်သေဆုံးခဲ့ပြီး ကညင်ကျွန်းရွာထဲကိုလည်း ဒရုန်းနဲ့ ထပ်မံ ဗုံးပစ်ခတ်ခဲ့တာကြောင့် ဒေါ်ခိုင်ဝဋလွင် (၃၈ နှစ်)၊ ဦးသိန်းသိန်း (၆၂ နှစ်)နဲ့ ဦးဇင်မျိုးလှိုင် (၃၈ နှစ်)တို့ ဒဏ်ရာ ရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်က သေခိုဆယ်ဒဲရွာထဲ စစ်တပ်က တိုက်လေယာဉ် ၃ စီးနဲ့ ဗုံး ၂ ကြိမ် ကြဲချခဲ့သလို စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့လို့ အသက် ၁၆ နှစ်နဲ့ ၂ နှစ်အရွယ်ကလေးငယ်အပါအဝင် ၄ ဦး ဒဏ်ရာ ရခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။