မြတ်နိုး၊ ဩဂုတ် ၂၉ ရက်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လုမြန်နဲ့ အနီးဝန်းကျင်မှာ ဩဂုတ်လ ၂၇ ရက်နေ့က တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီက ဘုရားကျောင်းကိုလည်း လေကြောင်းနဲ့ ဗုံးကြဲခဲ့ကြောင်း ရှေ့တန်းသတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

“လုမြန်အနီး မုတ်ကျိတ်ရွာက KBC ဘုရားကျောင်းမှာ စခန်းချနေတဲ့ စစ်ကောင်စီတွေကို ဩဂုတ်လ ၂၇ ရက်နေ့က သွားတိုက်တာ။ စစ်ကောင်စီဘက်က ဗျူဟာမှူးနဲ့ အရာရှိ သုံးယောက်လောက် ထိတယ်” လို့ ရှေ့တန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က အဲဒီဘုရားကျောင်းမှာ စခန်းချနေထိုင်တာ ကြာပြီဖြစ်ပြီး ဩဂုတ်လ ၂၇ ရက် ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေကို ရှင်းထုတ်လိုက်နိုင်ပြီလို့ သူက ပြောပါတယ်။

“ဘုရားကျောင်းမှာ ‌နေထိုင်နေတဲ့ စစ်ကောင်စီတွေကို မောင်းထုတ်လိုက်တာ မှန်တယ်။ ဗျူဟာမှူးလဲ တစ်ယောက်ကျသွားတယ်။ ဒါပေမယ့် အဲဒီဗျူဟာမှူးအစား မပခ က တစ်ယောက် ချက်ချင်း ပြန်အစားထိုးလိုက်တယ်လို့ သိရတယ်” လို့ နောက်ထပ် ရှေ့တန်းသတင်းအရင်းမြစ် တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က အဲဒီဘုရားကျောင်းကနေ ဆုတ်ခွာထွက်သွားပြီးနောက် လေကြောင်းနဲ့ လာရောက် ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ သူက ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေချိန် မြစ်ကြီးနားဘက်က‌ သံချပ်ကာကားတွေနဲ့လည်း သွားရောက် ပစ်ကူခဲ့တာ ရှိပေမယ့် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က ရှေ့တိုးနိုင်ခဲ့ပြီး စစ်ကောင်စီ သုံ့ပန်း တချို့လည်း ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်းမှာတော့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုက်ရိုက်ကွပ်ကဲတဲ့ ခြေလျင်တပ်ရင်း ခလရ – ၅၈ တပ်စခန်း ကျန်ရှိ‌နေသေးတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

လက်ရှိ ဝိုင်း‌မော်မြို့နယ်၊ ဖားကန့်မြို့နယ်နဲ့ ဗန်းမော်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။