ဓာတ်ပုံ – မွန်မြတ်စေတနာ လူမှုကူညီရေးအသင်း

မြတ်နိုး၊ ဇန်နဝါရီ ၂၂ ရက်၊ ဝိုင်းမော်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာအုပ်စု ကျမ်းခမ်းရွာရှိ တစ်သျှူး ငှက်ပျောခြံတစ်ခုမှာ ဇန်နဝါရီ ၂၀ ရက် မနက် ၁၀ နာရီခန့်က လက်နက်ကြီး ကျကွဲလို့ တရုတ်လုပ်ငန်းရှင်တစ်ဦးနဲ့ ယာဉ်မောင်းတစ်ဦး သေဆုံးသွားပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ယာဉ်မောင်းနဲ့ ဒေသခံတွေဆီက သိရပါတယ်။

“လက်နက်ကြီး ကျတာလို့တော့ ပြောတာဘဲ။ မိုင်းနားက ကျနော့်သူငယ်ချင်း ကားဆရာလည်း ဆုံးသွားပြီ။ နာမည်က ထိန်ထိန်လင်းတဲ့။ မိုင်းနားမှာ နေတာ။ တရုတ် လောပန်းလည်း ဆုံးပြီ” ဆိုပြီး ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

ဒဏ်ရာ ရရှိခဲ့တဲ့ နောက်ထပ် ကားသမားတစ်ဦးကတော့ လိုင်ဇာ ဆေးရုံမှာ ရှိနေသေးပြီး ကျန်တဲ့ ထိခိုက်သူရဲ့ အခြေအနေတော့ မသိရဘူးလို့ အဲဒီယာဉ်မောင်းက ပြောပါတယ်။

နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးကလည်း “ကျနော်တို့ တောင်ပေါ်ကနေတောင် လက်နက်ကြီး ပေါက်ကွဲသံ ကြားရတယ်။ ကျနော်တို့ရွာအနီးက ငှက်ပျောခြံမှာ စစ်ကောင်စီတွေ ဒရုန်းဗုံး လာကြဲတာတဲ့။ တရုတ်နိုင်ငံသား ငှက်ပျောခြံ လုပ်ငန်းရှင် တစ်ယောက်တောင် ပါသွားတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

ဝေဆာမနောမြေဆိုတဲ့ ငှက်ပျောခြံထဲ ကျရောက်ခဲ့တာဖြစ်ပြီး သေဆုံးသွားတဲ့ ခြံပိုင်ရှင်ကတော့ အသက် ၃၂ နှစ်အရွယ် တရုတ်နိုင်ငံသား ဦးချားဝူချုံးဆိုသူ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၀ ရက်ကလည်း စစ်တပ်က ဒရုန်းဗုံး လာချလို့ ငှက်ပျောခြံပိုင်ရှင် ရှားဝူဂျုံးနဲ့ ၂၈ နှစ်အရွယ် မောင်ထင်ထင်လင်းတို့ သေဆုံးသွားပြီး မအင်ဗျန်ဂျာငိုင်နဲ့ မောင်ဝင်းရဲဦးတို့က ထိခိုက်ဒဏ်ရာ ရရှိကြောင်း The Kachin Net မှာ ဖော်ပြထားပါတယ်။

ဇန်နဝါရီ ၁၈ ရက်နဲ့ ၁၉ ရက်မှာလည်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ ပန်တင်နဲ့ ဒွမ်ဘုတ် စစ်ရှောင်စခန်းနေရာဟောင်းဘက်မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာလည်း ဝိုင်းမော်မြို့နယ် စန်းကားရွာရှိ ငှက်ပျောခြံနှစ်ခုမှာ လက်နက်ကြီး ၂ ကြိမ် ကျရောက်ပေါက်ကွဲခဲ့လို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။