ဓာတ်ပုံ – CJ

အိုက်ပွီး၊ မတ်လ ၄ရက်၊ ငဖဲ

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း – ပဒါန်း ကားလမ်းပေါ်က စစ်ကောင်စီတပ်ရဲ့ နတ်ရေကန် ဗျူဟာကုန်းကို အာရက္ခတပ်တော်-AAနဲ့ တော်လှန်ရေးပူပေါင်းတပ်တို့ ထိုးစစ်ဆင်တိုက်ခိုက်မှုဟာ တိုက်ပွဲပြင်းထန်လာပြီး စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ချင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ နတ်ရေကန် ဗျူဟာကုန်း ထိုးစစ်ဆင်တိုက်ခိုက်မှုဟာ တဖြည်းဖြည်းနဲ့ နတ်ရေကန်ဗျူဟာကုန်းကို နီးကပ်လာပြီး ကာကင်းစခန်းတွေမှာ တိုက်ပွဲတွေပြင်းထန်နေကာ စစ်ကောင်စီတပ်က လက်နက်ကြီးကျည်တွေ၊ လေကြောင်း၊ ဒရုန်းတို့နဲ့ပါ ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

“နတ်ရေကန် ဗျူဟာကုန်းနဲ့ အတော်နီးကပ်နေပြီ။ အဲဒါကြောင့် နတ်ရေကန် တောင်ပေါ်ကနေ ဒရုန်းတွေ၊ လက်နက်ကြီးကျည်တွေ နေ့ညမပြတ်ပဲ တောက်လျှောက် ပစ်ကူပေးနေတယ်။ တိုက်ပွဲတွေနည်းနည်းပြင်းထန်လာရင် လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်။ အခု နတ်ရေကန်ဗျူဟာကုန်းကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ပြီး တိုက်ခိုက်နေတယ်။ စစ်ကောင်စီတပ်ကို လက်နက်ချဖို့လည်း ပြောဆိုထားတာရှိတယ်။ လက်နက်ချတာတွေမရှိပေမဲ့ လက်နက်ခဲယမ်းနဲ့ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အတော်ရှိတယ်။ ထွက်ပြေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းမိတာတွေရှိတယ်။”လို့ တော်လှန်ရေးတပ်တွေနဲ့နီးစပ်တဲ့ စစ်ရေးအခြေအနေကိုသိရှိသူ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

မနေ့ မတ်လ ၃ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ ဂျက်ဖိုက်တာတို့နဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နတ်ရေကန် ဗျူဟာကုန်း အောက်ဘက်ရှိ လင်းတဲကျေးရွာမှာ ကျရောက်ပေါက်ကွဲလို့ ချင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး လူနေအိမ် ၄လုံးထက်မနည်း ထိခိုက်ပျက်စီးသွားပါတယ်။

“ဒရုန်းက နတ်ရေကန်တောင်ပေါ်ကပါ။ လေယာဥ်နဲ့လည်း ဗုံးကြဲတယ်။ ဘယ်ကဗုံးသီးမှန်း မသိဘူး။ ရွာထဲမှာ ဗုံးသီး ငါးလုံးလောက် ကျပေါက်ကွဲ တယ်။ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးတယ်။ နေအိမ် လေးလုံးလောက် မီးလောင်တယ်။ အခုရက်ပိုင်းထဲ လေကြောင်းတွေ အမြဲလာတယ်။ ဒရုန်းတွေလည်း ရွာအနီးအနားဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်တာရှိတယ်။ တိုက်ပွဲတွေကလည်း ရက်ဆက်ဖြစ်နေပါတယ်။”လို့ ငဖဲမြို့နယ် ဒေသခံချင်းအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

သေဆုံးသူဟာ အသက် ၂၇ နှစ်အရွယ် ဆလိုင်းသိန်းဝင်းမောင်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ လင်းတဲကျေးရွာက ချင်းမျိုးသားနှစ်သေဆုံးပြီး ကလေးအပါအဝင် ၈ ဦးထိခိုက်ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီးသွားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။