ဓာတ်ပုံ- CJ

အိုက်ပွီး၊ မေလ ၇ ရက်၊ မင်းပြား

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ထဲက ရွာတစ်ရွာမှာ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံရတယ်လို့ ဖြစ်စဉ်သိရှိသူ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖြစ်စဉ်ဟာ မနေ့ မေလ ၆ ရက် နေ့လယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဓမ္မပြုကျင့် သတ်ဖြတ်ခံရတဲ့ သမီးငယ်ဟာ ရိုက်နက်ဒဏ်ရာနဲ့ သေဆုံးတဲ့ အလောင်းကို ရွာအနီး သစ်ပင်တစ်ပင်မှာ ကြိုးနဲ့ချည်ပြီး တွဲချထားခဲ့တာ ဖြစ်ပါတယ်။

“အလောင်းကိုတွေ့တော့ တစ်ကိုယ်လုံး ရိုက်နှက်ထားတဲ့ ဒဏ်ရာနဲ့ သစ်ပင်တစ်ပင်မှာ ကြိုးနဲ့ချည်ပြီး တွဲချထားတာ တွေ့တယ်။ ဦးခေါင်းမှာလည်း မာကျောတဲ့(သစ်သား၊ သံ)အရာနဲ့ ထုရိုက်ထားတဲ့ ဒဏ်ရာ အများအပြား တွေ့ရတယ်။ အဓမ္မပြုကျင့်ပြီး သတ်ဖြတ်သွားတာပါ” လို့ ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြစ်မှုကျူးလွန်သူ တရားခံကို လက်ရှိမှာ AA က ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆက်လက် အရေးယူဆောင်ရွက်နိုင်ဖို့ စစ်ဆေးမေးမြန်းနေတယ်လို့ သိရပါတယ်။

အခုလို လူမဆန်တဲ့လုပ်ရပ်မျိုး ရခိုင်မှာ နောက်ထပ် ဖြစ်ပွားခြင်း မရှိအောင် AA အနေနဲ့ ပြဌာန်းထားတဲ့ တရားဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးစေချင်လို့ တောင်းဆိုထားပါတယ်။

“အမှန်တိုင်းပြောရရင် ကျနော်တို့ရခိုင်မှာ မုဒိမ်းမှုတွေ အရမ်းပေါတယ်။ ကျူးလွန်တဲ့ မုဒိမ်းမှုတချို့ကလည်း အရေးယူဆောင်ရွက်နိုင်ခဲ့ခြင်း မရှိလို့ မုဒိမ်းမှုဟာ ပိုများလာတာ ဖြစ်နိုင်မယ်။ အခု မုဒိမ်းမှု ကြည့်မယ်ဆိုရင် အဓမ္မပြုကျင့်ပြီး လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်သွားတာ။ ဒါဟာ ရခိုင်က အမျိုးသမီးအားလုံးကို ခြိမ်းခြောက်လိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် AA အနေနဲ့ ပြဌာန်းထားတဲ့ တရားဥပဒေအတိုင်း ဆောင်ရွက်စေချင်တယ်။ နောက်ထပ် ကျူးလွန်မှု မရှိအောင် အများပြည်သူရှေ့မှောက်မှာ တရားစီရင်ရေး ဆောင်ရွက်တာမျိုး လုပ်ချင်တယ်။ ပြီးတော့ ဒီလိုမုဒိမ်းမှုနဲ့ပတ်သက်ပြီး AA က အထူးကြပ်မတ်စေချင်တယ်” လို့ ဂွဒေသခံ ရခိုင်အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း မင်းပြားမြို့ပေါ်မှာ ဖခင်ဖြစ်သူက ၁၃ နှစ်ကျော်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်ပြီး ကျူးလွန်သူကို ရပ်ကွက်နေသူတွေက အရေးယူဆောင်ရွက်နိုင်ဖို့ AA ထံ အပ်နှံခဲ့ပေမဲ့ AA လက်ထဲ တရားခံဟာ လွတ်မြောက်သွားပြီး အရေးယူနိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ်ကလည်း ရသေ့တောင်၊ စစ်တွေ၊ မောင်တော စတဲ့မြို့နယ်မှာ သက်ငယ် အဓမ္မပြုကျင့်မှုအပါအဝင် အဓမ္မပြုကျင့်မှု ၄ ကြိမ်ထက်မနည်း ဖြစ်ပွားပြီး တချို့ကို AA က အရေးယူကိုင်တွယ်ဖြေရှင်းနိုင်ပေမဲ့ တချို့ကိုတော့ အရေးယူဆောင်ရွက်နိုင်ခြင်းမရှိဘဲ တရားခံတွေ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။