ဓာတ်ပုံ – CJ

လွေးလာဝ်ဇာရ်၊ ‌မတ်လ၊ ၉ ရက်

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မိုင်းယုလေးရွာမှာ မြေစာပြိုကျမှုကြောင့် ကလေးတစ်ဦး သေဆုံးသွားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

‌ဖြစ်စဉ်က မနေ့ မတ်လ ၈ ရက် မနက် ၁၁ နာရီဝန်းကျင်မှာဖြစ်ပွားခဲ့ပြီး တူးထားတဲ့ မြေစာပုံပြိုကျလို့ အသက် ၁၃ နှစ်အရွယ် မိုင်းညီဟိန်းဆိုသူ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းယုဒေသခံ အမျိုးသမီးတစ်ဦးက “အရင်က ဘတ်ဖိုးကားနဲ့ တူးထားတဲ့မြေစာတွေပါ။ ဒါပေမယ့် အခုက အဲနေရာ သူတို့မလုပ်တော့ဘူး။ ‌တခြားနေရာ ရွှေ့ထားတယ်။ သူကအဲ‌မြေစာအောက် ဝင်သွားတော့ ကျောက်ခဲတစ်လုံးက သူ‌ပေါ်ဖိပြီး သေသွားတယ်။ သူ့အပေါ်ကျတဲ့ကျောက်ခဲက ကြီးတယ်” လို့ ပြောပါတယ်။

မြေစာပုံဖိထားတဲ့ မိုင်းညီဟန်းကို ဆေးရုံမှာ ဆေးကုသဖို့ခေါ်ဆောင်သွားခဲ့ပေမယ့် လမ်းတစ်ဝက်မှာတင် သေဆုံးသွားခဲ့တယ်လို့ နောက်ထပ် မိုင်းယုဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။

“မြေစာပြိုတဲ့အချိန်မှာ သူမသေသေးဘူး။ သူ့အပေါ်ဖိထားတဲ့ အဲမြေစာတွေရော ကျောက်ခဲတွေ‌ရော ဘတ်ဖိုးကားနဲ့ ဖယ်ပေးနေတာ။ ဆေးရုံခေါ်သွားတာ။ လမ်းမှာ သေသွားတာ” လို့ ဆိုပါတယ်။

မိုင်းယုလေးနဲ့ နမ့်ဖတ်ကာကြားမှာရှိတဲ့ နမ့်မော ရေချောင်းဟာ ‌ဒေသခံတွေ ဟင်းသီးဟင်းရွက် ဆေးကြောဖို့၊ အဝတ်အစား လျှော်ဖို့နဲ့ ရေချိုးဖို့ အဓိက အသုံးပြုကြပြီး လက်ရှိမှာတော့ ရွှေအလွန်အကျွံ တူးဖော်မှုကြောင့် ရေ‌နောက်ပြီး သုံးလို့မရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း အသုံးပြုဖို့ရေ အခက်အခဲ ကြုံနေရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။