ဓာတ်ပုံ- Google

ပို့လဘား၊ ဧပြီ ၂၃ ရက်၊ နမ့်ဆန်

တအာင်းဒေသ နမ့်ဆန်မြို့နယ် အာရမ်းကျေးရွာအုပ်စုထဲက အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးကို အသက် ၂၀ နှစ်အရွယ် အစ်ကိုဝမ်းကွဲတော်စပ်သူက အဓမ္မ ပြုကျင့်ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

အသက် ၅ နှစ်အရွယ်သာ ရှိသေးတဲ့ ကလေးငယ်ကို ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်မှာ အစ်ကိုဝမ်းကွဲ တော်စပ်တဲ့ အိုက်စိန်ဆိုသူက ချောက်တစ်ခုထဲ ခေါ်သွားပြီး အဓမ္မ ပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့(ကျူးလွန်သူ)သားအမိက အဲရွာကလူ မဟုတ်ဘူး။ သူ့အမေရဲ့ ညီမအိမ်မှာ လာနေပြီး လက်ဖက် လာခူးတာပေါ့။ အဲဒီကောင်လေးက သူ့အ‌မေရဲ့ တူပေါ့နော်။ သူ့ညီမရဲ့သားဆိုတော့ ဘာမှမဖြစ်လောက်ဘူးပေါ့။ အဲနေ့က သူတို့လက်ဖက်သွားခူးတာ။ သူတို့ခူးတဲ့နေရာက ကုန်းနည်းနည်းစောင်းတာပေါ့နော်။ သူ့အမေက သူ့သမီးကို အဲမှာ မြေပြန့်တယ်ဆိုပြီး နေခိုင်းတယ်။ သူ့အမေက အောက်မှာ သွားခူးမယ်ဆိုပြီး သွားလိုက်တာ။ အဲဒီအချိန်မှာပဲ အဲဒီကောင်လေးက ရောက်လာပြီး ကလေးကို ချောက်ထဲ ခေါ်သွားတယ်။ ပြီးမှ ကလေးရဲ့ မိန်းမကိုယ်ကို ဓားနဲ့ခွဲပြီး အဓမ္မ ကျင့်လိုက်တာ”

အဓမ္မ ပြုကျင့်ခံရတဲ့ ကလေးငယ်ဟာ လက်ရှိမှာတော့ မူဆယ်မြို့မှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

ကျူးလွန်သူ အိုက်စိန်ကိုတော့ လက်ရှိအချိန်ထိ တစ်စုံတစ်ရာ တိုင်ကြားတာ၊ အရေးယူတာ မရှိသေးဘူးလို့ အထက်ပါ အမျိုးသမီးက ဆက်ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။