ဓာတ်ပုံ- CJ

မြတ်နိုး၊ မတ်လ ၂ ရက်၊ လိုင်ဇာ

ကချင်ပြည်နယ် လိုင်ဇာမြို့နယ် ဝေကြိုင် စစ်ရှောင်စခန်းက ၃ နှစ်အရွယ် ကလေးကို စိတ်ကျန်းမာရေး ချို့ယွင်းသူ အမျိုးသားက မနေ့ မတ်လ ၁ ရက်က မီးရှို့ရိုက်နှက်ကာ သတ်ပစ်လိုက်ကြာင်း ဒေသခံတွေဆီက သိရပါတယ်။

“၃ နှစ်လောက်ပဲရှိတဲ့ ကလေးငယ်ကို သူတို့ အိမ်နားက စိတ်မနှံ့တဲ့ကောင်က ခေါ်သွားပြီးတာ့ တောထဲ ယာခင်း တဲထဲမှာ ဆံပင်တွေကိုလည်း မီးရှို့ထားတယ်။ ရိုက်လည်း ရိုက်ထားတယ်။ ဓားနဲ့လည်း လှီးထားတာ။ ခေါင်းလည်း ကွဲထားတယ်။ ခြေထောက် တစ်ဖက်လည်း ကျိုးနေတယ် ပြောတယ်” လို့ ဒေသခံ အမျိုးသမီးက ပြောပါတယ်။

ကလေးက မနက် ၈ နာရီလောက်ကတည်းက ပျောက်သွားတာဖြစ်ပြီး နေ့လယ် ၃ နာရီကျော်မှာ ပြန်တွေ့ကာ ပြန်တွေ့ချိန် အသက်ရှိသေးပေမဲ့ ရိုက်နှက်လှီးခုတ်ထားတဲ့ဒဏ်ရာ ပြင်းထန်တာကြောင့် ဆေးရုံ ရောက်ပြီး​ေနာက် သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။

“ကလေးကို အသည်းအသန် ရှာနေကြချိန် အဲဒီအရူးက ဗူးထဲ ဓာတ်ဆီလား၊ ဒီဇယ်လား မသိဘူး လောင်းထည့်ပြီး တောဘက် ထွက်သွားတာ ​ေတွ့လို့ လိုက်သွားကြတာ။ သူ့နောက် လိုက်လာရင်း ယာတောက တဲထဲမှာ ကလေးကို ပြန်တွေ့တာ” လို့ နောက်ထပ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ ကလေးကတော့ ဝေကြိုင် ကွက် ၂ စစ်ရှောင်စခန်းကဖြစ်ပြီး အသက် ၃ နှစ်အရွယ် မောင်ဒန်ခေါင်တူး ဖြစ်တယ်လို့ ဆိုပါတယ်။

စိတ်ကျန်းမာရေး ချို့ယွင်းသူကို ထပ်လွှတ်ထားမယ်ဆိုရင် စိတ်ဖောက်လာရင် တခြား ကလေးတွေကိုပါ အခုလို ပြန်လုပ်လာနိုင်လို့ စိုးရိမ်ရတဲ့အတွက် လှောင်ထားသင့်ကြောင်း ကလေးမိခင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်ကလည်း ဂျဲယန် စစ်ရှောင်စခန်းက မိန်းကလးငယ် ၃ ဦးကို အဲဒီ ဂျဲယန် စစ်ရှောင်စခန်းမှာ အကြိမ်ကြိမ် ပြစ်မှု ကျူးလွန်ခဲ့ဖူးတဲ့ အမျိုးသားက ပြန်ပေးဆွဲကာ သတ်ဖြတ်ခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။