ဓာတ်ပုံ – Local

လွေးလာဝ်ဇာရ်၊ ဩဂုတ် ၆ ရက်၊ သံတောင်ကြီး

ကရင်ပြည်နယ် သံတောင်ကြီးမှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်သွားတာကြောင့် ကလေး ၂ ဦးအပါအဝင် ဒေသခံ ၉ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးဆီက သိရပါတယ်။

မနေ့ ဩဂုတ်လ ၅ ရက် ညသန်းခေါင်မှာ မြေပြိုမှုဖြစ်ပွားပြီး နေအိမ် ၃ဝ ကျော်လည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံ အမျိုးသားတစ်ဦးက “လက်ရှိအချိန်အထိ အလောင်းပြန်တွေ့တာက ၉ လောင်းဘဲရှိသေးတယ်။ ပျောက်ဆုံးနေတဲ့ သူတွေလည်း ဆက်ရှိနေသေးတယ်။ ပျောက်ဆုံးနေသူတွေကို ဆက်ရှာဖို့ လူအင်အား၊ စက်အင်အားတွေ အကူအညီလိုအပ်ပါတယ်။ ကျန်တဲ့သူတွေက ရှောင်နေရတယ်။ သောက်ရေသန့်တို့ နေထိုင်စရာနေရာတွေ မရှိဘူး။ အဲဒါတွေ အကူအညီလိုအပ်နေတယ်” လို့ ပြောပါတယ်။

မြေပြိုမှုကြောင့် သေဆုံးသွားတဲ့ သူတွေဟာ ကလေးငယ် ၂ ဦးအပါ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၆ ဦးတို့ဖြစ်ပြီး ပျောက်ဆုံးနေတဲ့သူတွေလည်း ဆက်ရှိနေတယ်လို့ ဆိုပါတယ်။

ဒီနေ့ ဩဂုတ်လ ၆ ရက် မနက်ပိုင်းမှာလည်း တောင်ငူကနေ သံတောင်ကြီးလမ်းမှာ မြေပြိုမှုကြောင့် လမ်းပိတ်နေတယ်လို့ သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။