ရွှေဖီမြေ၊ ဧပြီ ၁၅ ရက်၊ ဖလမ်း
ချင်းညီနောင်- CB နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ၅ လကြာ ထိုးစစ် ဆင်ခဲ့ရတဲ့ ချင်းပြည်နယ် ဖလမ်းမြို့သိမ်း စစ်ဆင်ရေးအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ရဲမေ ၈၉ ဦး ကျဆုံးခဲ့ပါတယ်။
ကျဆုံးသူအပြင် ၃၀ ဦးက ကိုယ်လက်အင်္ဂါ ဆုံးရှုံးကာ ဒဏ်ရာ ရရှိသူ ၅၀၀ ခန့် ရှိခဲ့ကြောင်း ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့- CNDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း တီမီထွဋ်က ဒေသတွင်း သတင်းဌာနဖြစ်တဲ့ Zalen သို့ ပြောဆိုထားပါတယ်။
မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ် ၁၇ ဖွဲ့က ပါဝင်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီရဲ့ ခလရ ၂၆၈ တပ်ကုန်းမှ လက်နက်မျိုးစုံအပြင် ဟောင်ဝှစ်ဇာတစ်လက်နဲ့ ငွေ သိန်း ၄,၅၀၀ ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သား ၂ဝဝ ကျော်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း ဆက်လက် ဖော်ပြထားပါတယ်။