ရွှေဖီမြေ၊ ဇန်နဝါရီ ၂၇ ရက်

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းအဖြစ် အတင်းအဓမ္မ စုဆောင်းခံရပြီး ကရင်နီပြည် ရှေ့တန်းစစ်ဆင်ရေးသို့ ပို့ဆောင်ခံရတဲ့ စစ်သား ၇ ဦးက ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF ထံ ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ မနေ့ ဇန်နဝါရီ ၂၆ ရက်မှာ KNDF က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်မှာ လွိုင်လင်လေးမြို့ပြင်က ထီးစဲခါးကင်းစခန်းတစ်ခုကနေ ထွက်ပြေးလာတဲ့ ခလရ ၂၄၇ မှ တပ်သား ၄ ဦးက MA-3 ၃ လက်၊ MA-1 ၁ လက်နဲ့အတူ KNDF တပ်ရင်းထံ လာရောက်ခိုလှုံခဲ့ပါတယ်။

အလားတူ ဇန်နဝါရီ ၁၉ ရက်မှာလည်း လွိုင်ကော်မြို့ပြင်က ကင်းစခန်းတစ်ခုကနေ လက်နက်မဲ့ ထွက်ပြေးလာတဲ့ ခမရ ၄၃၀ တပ်ရင်းမှ တပ်သား ၃ ဦးကလည်း KNDF ထံ လာရောက် ခိုလှုံခဲ့ပါတယ်။

KNDF ထံ ထွက်ပြေးခိုလှုံလာတဲ့ စစ်သားက စစ်မှုထမ်းဖို့ဆန္ဒ လုံးဝ မရှိကြဘဲ စစ်ကောင်စီက ပေါ်တာဆွဲတာကို ခံရသူနဲ့ အတင်းအဓမ္မ စုဆောင်းခံရသူ ဖြစ်ကြပြီး ရှေ့တန်း စစ်ဆင်ရေးအတွင်း ထွက်ပြေးခိုလှုံလာခဲ့ကြတာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ တပ်သားအဖြစ် ကျန်ရှိနေတဲ့တပ်ဖွဲ့ဝင်‌ေတွအနေနဲ့ စစ်အာဏာရှင် လူတစ်စုရဲ့ အကျိုးစီးပွားအတွက် ရပ်တည်နေမယ့်အစား အခုလို အချိန်မီ လူထုထံ ခိုလှုံပြီး ဂုဏ်သိက္ခာရှိစွာ ရှင်သန်ကြဖို့လည်းတိုက်တွန်းထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။