ယာရူစိင်၊ ဩဂုတ် ၁၈ ရက်၊ ဒီပဲယင်း

စစ်ကိုင်းတိုင်း ဒီပဲယင်းနဲ့ ဝက်လက်မြို့နယ်ထဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၇ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ ဩဂုတ် ၁၈ ရက် နေ့လယ် ၁ နာရီခွဲခန့်မှာ ဒီပဲယင်းမြို့နယ် မူးကမ်းကြီးရွာ မိုးကောင်း ဘုန်းကြီးကျောင်းရှိ ဓမ္မာရုံကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်အပါအဝင် ၇ ဦး သေဆုံးပြီး ၁ဝ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“တိုက်ပွဲ ဖြစ်ပွားတာမျိုး မရှိဘဲ ကြဲသွားတာပါ။ ဓမ္မာရုံကို ကြဲသွားတာဆိုတော့ သံဃာတော်နဲ့ တခြားဒေသခံတွေ သေဆုံးခဲ့ရတာပါ”

ဒီနေ့ ဩဂုတ် ၁၈ ရက် မနက် ၁၀ နာရီဝန်းကျင်မှာလည်း ဝက်လက်မြို့နယ် နဘဲပင်လှရွာရှိ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ Wetlet Informational Network မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ရွာထဲမှ ပြည်သူတွေ ရှိပါတယ်။ ဘုန်းကြီးကျောင်းက ရွာတောင်ဘက်မှာရှိတော့ အထိအခိုက် နည်းတာပါ။ ဒဏ်ရာရတာက လူကြီးတွေပါတော့ နည်းနည်းတော့ စိုးရိမ်ရတာပေါ့။ အထိအခိုက်က မများဘူးလို့တော့ သိရပါတယ်”

ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်ကလည်း ဝက်လက်မြို့အရှေ့ခြမ်းရှိ ရှားကွဲ၊ ငါးပတ်ချောင်းနဲ့ ရေလည်မော်ရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂၁ ဦး သေဆုံးပြီး ၃၀ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။

အလားတူ မေလ ၁၂ ရက်ကလည်း ဒီပဲယင်းမြို့နယ် အိုးထိန်းကွင်းရွာမှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၃ ဦးအထိ ရှိခဲ့ဖူးပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။