ဓာတ်ပုံ- နှလုံးလှပိုင်ရှင်

ခိုင်လေး၊ ဧပြီ ၁၀ ရက်၊ ကျိုင်းတုံ

‎ရှမ်းအရှေ့ ကျိုင်းတုံမြို့နယ် စပယ်ရှယ်တောင်အဆင်း မိုင်တိုင် ၃၆၆/၆-၇ အကြား တောင်ကြီး-ကျိုင်းတုံသို့သွားတဲ့ လမ်းပေါ် မှာ ခရီးသည်တင်ယာဉ်တစ်စီး ပေ ၅၀၀ အနက်ရှိတဲ့ ချောက်ထဲ ထိုးကျခဲ့တာကြောင့် ကားနဲ့ လိုက်ပါလာတဲ့ ခရီးသည် ၇ ဦး သေဆုံးပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

‎ဧပြီ ၈ ရက် ည ၈ နာရီခွဲခန့်က Rozer ခရီးသည်တင် ၆ ဘီးကား တိမ်းမှောက်ခဲ့ပြီး ကားထဲ လိုက်ပါလာတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာ ရခဲ့တာကြောင့် ၎င်းအမျိုးသမီးကို ဆေးရုံသို့ ပို့ပေးခဲ့တယ်လို့ နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎”ကားက ဘယ်လိုဖြစ်လို့ မှောက်တာလဲတော့ မသိဘူး။ သူတို့က အရေးပေါ်ဖုန်း ဆက်လာတာ ကားမှောက်တယ် လူနာရှိတယ် အရေးပေါ် ဖြစ်နေတယ်ပြောတော့ ကျ‌နော်လည်း သွားကြည့်တာ။ ၇ ဦး သေဆုံးတာ။ ညက‌တည်းက အလောင်း ထုတ်တာ ၆ ဦးဘဲ ရသေးတယ်။ နောက်တစ်ဦး ကျန်တယ်။ ကား ပိနေတော့ မရသေးဘူး။ အခုချိန်ထိလည်း ထုတ်ဖို့ လုပ်နေတုန်းပါဗျ”

‎ကားတိမ်းမှောက်တဲ့နေရာကို ကျိုင်းတုံခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် တပ်ဖွဲ့အပါအဝင် တိုင်းနေ နာရေးကူညီမှုအသင်းနဲ့ နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်းက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း‌ ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

‎လူမှုကူညီရေးအသင်းတွေက ‎သေဆုံးသူတွေရဲ့ အလောင်းတွေကို ကျိုင်းတုံ ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာ ရသူကိုလည်း ကုသမှု ခံယူနိုင်ဖို့ ဆေးရုံသို့ ကူညီပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။

‎ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်ကလည်း စပယ်ရှယ်တောင် မိုင်းဇင်းအုပ်စု ပန်လော့(အထက်)ရွာ နတ်စင်ကွေ့ မိုင်တိုင်အမှတ်(၄၀၃/၇)နဲ့ (၄၀၄/၀)ကြားမှာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီး တစ်ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာ ရခဲ့ဖူးပါတယ်။

‎အလားတူ ပြီးခဲ့တဲ့ မတ်လ ၁ ရက်ကလည်း GI Express ခရီးသည်တင်ယာဥ်ဟာ စပယ်ရှယ်တောင် လက်ပံကွေ့(၁) ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၃၆၆ မိုင် ၆/၇ ဖာလုံ)ကြားမှာ ချောက်ထဲ ထိုးကျကာ တိမ်းမှောက်ခဲ့တာ‌ကြောင့် ၇ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။