ဓာတ်ပုံ – CJ

လွေးဇွန်မိုး၊ မတ်လ ၁ ရက်၊ ကွတ်ခိုင်

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်း၊ ကွတ်ခိုင်နဲ့ သီပေါမြို့နယ်မှာ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက် အကြွင်းအကျန်ကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း အရပ်သား ၇ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၈ ရက်အထိ ကွတ်ခိုင်မြို့နယ်က ကလေး ၃ ဦး၊ သီပေါက အမျိုးသမီး ၁ ဦး၊ အမျိုးသား ၂ ဦးနဲ့ နမ့်ခမ်းက အမျိုးသား ၁ ဦး စုစုပေါင်း ၇ ဦး သေဆုံးပြီး ကွတ်ခိုင်က ကလေး ၃ ဦး၊ သီပေါက ကလေး ၃ ဦးနဲ့ အမျိုးသမီး ၁ ဦး စုစုပေါင်း ၇ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

အထက်ပါ မြို့နယ် ၃ ခုမှာ မြေမြှုပ်မိုင်းကြောင့် ကလေး ၂ ဦး သေဆုံးခဲ့ပြီး ကလေး ၄ ဦးအပါအဝင် အမျိုးသား ၅ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ဒါ့အပြင် မပေါက်ကွဲသေးတဲ့ စစ်လက်နက်အကြွင်းအကျန်ကြောင့် ကလေး ၂ ဦးအပါအဝင် အမျိုးသား ၄ ဦး သေဆုံးခဲ့ပြီး ကလေး ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်တွေကြောင့် သေဆုံးသူ အများဆုံးနိုင်ငံဖြစ်လာတယ်လို့ နိုင်ငံတကာ မြေမြှုပ်မိုင်းသုံးစွဲမှု ပပျောက်ရေး လှုပ်ရှားမှုအဖွဲ့- ICBL ရဲ့ ၂၀၂၄ နိုဝင်ဘာ ၂၀ ရက် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်အကြွင်းအကျန်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းက လူ ၁ ထောင်ကျော် (၁,၀၀၃ ဦး) သေဆုံးခဲ့တယ်လို့ ICBL က ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။