ရွှေဖီမြေ၊ မတ်လ ၂၈ ရက်
ဒီနေ့ မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅ဝ မိနစ်ကျော်ကစပြီး တိုင်းနဲ့ပြည်နယ် အများစုမှာ ပြင်းအား ၇ ဒသမ ၇ ရှိတဲ့ ငလျင် လှုပ်ခတ်သွားပါတယ်။
ငလျင် လှုပ်ခတ်မှုကြောင့် ရှမ်းတောင်၊ ရှမ်းမြောက်နဲ့ စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ နေပြည်တော်မှာ ထိခိုက်ပျက်စီးမှု ရှိခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနဲ့ နယ်စပ်မြို့ဖြစ်တဲ့ တရုတ်နိုင်ငံ ရွှေလီမြို့မှာလည်း ငလျင် လှုပ်ခတ်ခဲ့တာကြောင့် တိုက်မြင့်အဆောက်အဦးတချို့ ပျက်စီးခဲ့ပါတယ်။
လူမှုကွန်ရက်မှာလည်း နေရာအနှံ့က ငလျင် လှုပ်ခတ်မှုကို ရေးသားဖော်ပြနေကြပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုတော့ မသိရသေးဘဲ ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်တာကြောင့် ဆက်လက် ဖော်ပြပေးပါမယ်။