၂၀၁၉ ခုနှစ် ဇွန်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည့် ရွှေဖီမြေ သတင်းအေဂျင်စီ – SPM သည် ယနေ့ ၂၀၂၅ ခုနှစ် ဇွန်လ ၇ ရက်တွင် (၆)နှစ်ပြည့်ပြီဖြစ်သည်။

အခက်အခဲ အမျိုးမျိုးကြားမှ ရုန်းကန်ရှင်သန်လာသည့် ရွှေဖီမြေသည် လက်ရှိ နွေဦးတော်လှန်ရေးကာလတွင်လည်း အဖိနှိပ်ခံ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် လူထုများဘက်မှ ရပ်တည်ကာ သတင်းအချက်အလက်များကို နေ့စဉ် ရေးသားတင်ဆက် ထုတ်လွှင့်လျက်ရှိသည်။

ရှေ့ဆက်၍လည်း အဖိနှိပ်ခံ လူထုများဘက်ကိုသာ ရပ်တည်၍ သတင်းများကို ဆက်လက် ရေးသားထုတ်လွှင့်တင်ဆက်မည်ဖြစ်သည်။

လူထုများထံ သတင်းအချက်အလက် ရောက်ရှိစေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားလျက်ရှိပြီး လက်ရှိတွင် Mizzima ရုပ်သံလိုင်းတွင် တစ်ပတ်တစ်ကြိမ် ရုပ်သံအစီအစဉ် ထုတ်လွှင့်လျက် ရှိသည်။

ယခုလအတွင်း DVB ရုပ်သံလိုင်းတွင် ထုတ်လွှင့်နိုင်ရေး လုပ်ဆောင်နေပြီး FM တွင်လည်း သတင်းများကို နားဆင်ရတော့မည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

ရွှေဖီမြေ စတင်တည်ထောင်ချိန်က လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ ဝိုင်းဝန်းကူညီပေးခဲ့သည့် တအာင်းသံဃာတော်များ၊ တအာင်းအဖွဲ့အစည်းများ၊ သတင်းစာဆရာများ၊ မိတ်ဆွေများ၊ အခက်အခဲ အမျိုးမျိုးကြားမှ တာဝန် ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းဟောင်းနှင့် လက်ရှိ အချိန်ပြည့်၊ အချိန်ပိုင်း ဝန်ထမ်းများကိုလည်း ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။

သတင်းစာပညာဖြင့် လူမျိုးအကျိုး၊ ဒေသအကျိုးနှင့် နိုင်ငံ့အကျိုးကို ဆက်လက် ထမ်းပိုးကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရွှေဖီမြေမှ ကတိပြုပါသည်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။