ဓာတ်ပုံ- CJ

အိုက်ပွီး၊ ဧပြီ ၁၀ ရက်၊ တီးတိန်

ချင်းပြည်နယ် တီးတိန်မြို့နယ် Saizang ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်လို့ ကလေးငယ်အပါအဝင် မိသားစုဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ ဧပြီ ၉ ရက် ည ၁၂ နာရီဝန်းကျင်မှာ အရပ်သားတွေ နေထိုင်တဲ့ Saizang ရွာကို ပေါင် ၅၀၀ ဗုံးသီးတစ်လုံးနဲ့ လေကြောင်းကနေ ကြဲချတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

“ဗုံးသီးက ပေါင် ၅၀၀ တစ်လုံးလောက်ပဲထင်တယ်။ လူအိပ်တဲ့အချိန်မှာ ဗုံးကြဲသွားတာပါ။ မိသားစုဝင်တစ်စုတည်း ၆ ဦး ပွဲချင်းပြီး သေဆုံးသွားတယ်။ ကလေးတွေလည်း ပါတယ်။ တစ်ယောက် ဒဏ်ရာ ရတယ်” လို့ တီးတိန်မြို့နယ် ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

သေဆုံးသူတွေဟာ Pau Sian Kham၊ Cing Sen Don၊ Kham Ho Van၊ Cing Sian Nuam၊ Suan Deih Sian၊ Kim Deih Piang တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

Saizang ရွာမှာ တိုက်ပွဲ ဖြစ်ပွားတာ မရှိသလို တော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တပ်စွဲတာ၊ စခန်းထိုင်တာ၊ စစ်ရေး လှုပ်ရှားတာ မရှိဘဲ အရပ်သားတွေ နေတဲ့နေရာကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

လေကြောင်းနဲ့ ဗုံး ထပ်ကြဲမှာကို စိုးရိမ်နေတဲ့ ဒေသခံတွေဟာ တောတောင်နဲ့တောင်ယာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

တီးတိန်မြို့ဟာ စစ်ကောင်စီ ထိန်းချုပ်တဲ့ မြို့ ဖြစ်ပေမဲ့ မြို့ပေါ်ကလွှဲရင် ကျန်တဲ့နေရာတွေကို တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိန်းချုပ်ထားပါတယ်။

မနေ့ ဧပြီ ၉ ရက် နေ့လယ် ၃ နာရီမှာလည်း စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်က နမ့်ခမ်းရွာ (ဂျိုးတောင်နမ့်ခမ်း)ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် ၂၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။