ရွှေဖီမြေ၊ စက်တင်ဘာ ၂ ရက်
ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်ကနေ ၃၀ ရက်အထိ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် တအာင်းတပ် TNLA ထိန်းချုပ်ဒေသက ကလေး ၅ ဦးအပါအဝင် အရပ်သား ၅၇ ဦး သေဆုံးပြီး ၆၆ ဦး ဒဏ်ရာရခဲ့ပါတယ်။
ကလေး ၅ ဦး၊ အမျိုးသမီး ၁၉ ဦး၊ အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး အမျိုးသား မသိရသူ ၂၂ ဦး စုစုပေါင်း ၅၇ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူတွေထဲမှာ မိုးကုတ်မြို့နယ်က ကလေး ၄ ဦး၊ ဘုန်းကြီး ၃ ပါး၊ အမျိုးသား ၅ ဦး၊ ကိုယ်ဝန်သည်တစ်ဦးအပါအဝင် အမျိုးသမီး ၁၇ ဦး၊ ကျား မ မသိရသူ ၁၂ ဦး၊ ကျောက်မဲမြို့နယ်က အမျိုးသမီး ၂ ဦး၊ အမျိုးသား ၃ ဦး၊ ကျား မ မသိရသူ ၁၀ ဦး၊ မိုင်းငေါ့မြို့နယ်က ကလေး ၁ ဦး ပါဝင်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့်ပဲ နောက်ထပ် ကလေး ၆ ဦး၊ အမျိုးသမီး ၉ ဦး၊ အမျိုးသား ၁၀ နဲ့ ကျား၊ မ မသိရသူ ၄၁ ဦး စုစုပေါင်း ၆၆ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒဏ်ရာရခဲ့သူ (၆၆) ဦးထဲမှာ မိုးကုတ်မြို့နယ်က ဘုန်းကြီး ၁ ပါး၊ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး၊ ကျား၊ မ မသိရသူ ၁၃ ဦး၊ ကျောက်မဲမြို့နယ်က ကိုရင် ၃ ပါး၊ အမျိုးသား ၁ ဦး၊ ကလေး ၆ ဦး၊ အမျိုးသမီး ၃ ဦး၊ ကျား မ မသိရသူ ၂၈ ဦး၊ မိုင်းငေါ့မြို့က ဘုန်းကြီး ၂ ပါး၊ သီပေါမြို့နယ်က အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦး ပါဝင်ပါတယ်။
ဒီအချက်အလက်တွေဟာ ရွှေဖီမြေသတင်းအေဂျင်စီမှ လက်လှမ်းမှီသလောက် ကောက်ယူရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပြီး ဆက်သွယ်ရေးလိုင်း အခက်အခဲတွေကြောင့် မြေပြင်မှာ ဒီထက်ပိုနိုင်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။