ပို့လဘား၊ ဇန်နဝါရီ ၁၅ ရက်၊ တန့်ယန်း

ရှမ်းမြောက် တန့်ယန်းမြို့နယ်ထဲ ကျားဖျန် လုပ်ကိုင်သူ အယောက် ၅၀၀ ထပ်ရောက်လာကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၄ နိုဝင်ဘာ ၂၀ ရက်က လူအင်အား ၅၀၀ ရှိတဲ့ တရုတ်ကျားဖျန်အဖွဲ့ဟာ တန့်ယန်းမြို့နယ် မန်ကတ်ရွာအနီးရှိ ကာချတ်ရွာသို့ ရောက်ရှိလာပြီးတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်ကစပြီး လုပ်ငန်း စတင်နေပြီဖြစ်တယ်လို့ ၎င်းအမျိုးသားက ပြောဆိုပါတယ်။

“အဲထဲ (လုံခြုံရေး လုပ်ပေးသူ)မှာ ဝ အဖွဲ့တွေလည်း ရှိတယ်။ ကျားဖျန်အဖွဲ့‌တွေ ဝင်လာတာ ဝ အဖွဲ့တွေ မသိလို့ မရဘူးလေ။ သူတို့ဂိတ်ကို ဖြတ်ပြီးမှ စစ်တပ်ဂိတ်တွေ ဖြတ်ရတာ။ စစ်တပ်ဂိတ်လည်း ပိုက်ဆံ ပေးရင် ဘယ်နေရာမဆို သွားလို့ ရတယ်လေ”

ကာချတ်ရွာထဲ ကျားဖျန် လုပ်ကိုင်သူတွေ ရောက်ရှိလာကြတာကြောင့် ဒေသခံတွေက တိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်နေကြတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

တန့်ယန်းမြို့ထဲမဝင်ခင် မန်ကတ်တံတားမှာ စစ်တပ်က ဂိတ် ဖွင့်ထားပြီး ဖြတ်သန်းသွားလာတဲ့ ကားသမားတွေအနေနဲ့ ငွေပေးမှသာ ဖြတ်သန်းခွင့် ရတယ်လို့ ဆိုပါတယ်။

တန့်ယန်းမြို့မှာ တရုတ်နဲ့ စစ်တပ်က ကျားဖျန်ရုံ ဖွင့်ထားပြီး “ဝ”တပ်မတော်- UWSA နဲ့ ရှမ်းပြည်တပ်မတော်- SSPP က လုံခြုံရေး ယူပေးနေတယ်လို့ အထက်ပါ သတင်းရင်းမြစ်က ပြောဆိုပေမဲ့ UWSA နဲ့ SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူကို ရွှေဖီမြေက စာပို့ကာ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည် ဖြေကြားတာ မရှိသေးတဲ့အတွက် သီးခြားအတည်ပြုချက် မရသေးပေ။

တန့်ယန်းမြို့နယ်ထဲ UWSA, SSPP, TNLA, MNDAA နဲ့ စစ်တပ်အပြင် ၎င်းရဲ့ လက်အောက်ခံ ပြည်သူ့စစ်လည်း သွားလာလှုပ်ရှားတဲ့ဒေသ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။