ဓာတ်ပုံ – KNDF

ပို့လဘား၊ ဇန်နဝါရီ ၂၉ ရက်၊ ဘောလခဲ

ကရင်နီပြည် ဘောလခဲအခြေစိုက် ခမရ ၄၂၉ တပ်ရင်း စစ်မှုထမ်း တပ်သားသစ် ၄ ဦးဟာ လွိုင်ကော်မြို့နယ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်- Loikaw Local PDF ထံ အလင်းဝင်ခဲ့တယ်လို့ Loikaw Local PDF က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဇန်နဝါရီ ၂၉ ရက်မှာ တပ်သားသစ် ၄ ဦးကို လက်နက် ၃ လက်၊ ခဲယမ်း၊ ကျည်ဘောက်၊ မိုင်းနဲ့အတူ ယူဆောင်လာပြီး အလင်းဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ဆီ အလင်းဝင်လာတဲ့ ပြည်သူ့စစ်မှုထမ်းတွေကို ကျနော်တို့ လုံခြုံတဲ့နေရာမှာ ထားရှိထားတာပေါ့နော်။ သူတို့ရဲ့ စိတ်ဆန္ဒသဘောထားကိုပဲ ဦးစားပေးပြီးတော့ စီစဉ်ဆောင်ရွက်ဖြစ်မှာပါ။ လောလောဆယ်တော့ သူတို့စိတ်ချလုံခြုံတဲ့နေရာမှာ ရှိပါတယ်။ သူတို့ကို ကျနော်တို့ နွေးနွေးထွေးထွေး ဆက်ဆံပေးပါတယ်” လို့ ပြောပါတယ်။

အဆိုပါ တပ်သားတွေဟာ စစ်မှုထမ်းဥပဒေ ကြေညာတဲ့အချိန်ကစပြီး ရှောင်တခင် ဖမ်းဆီးခံခဲ့ရကာ အတင်းအဓမ္မ လူသစ်စုဆောင်းခံခဲ့ရတဲ့ ပြည်သူ့စစ်မှုထမ်းဖြစ်ကြောင်းနဲ့ စိတ်ဆန္ဒမပါဘဲ ထမ်းဆောင်နေရသူ ဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်ကလည်း ဖရူဆိုမြို့ကနေ ထွက်‌ပြေးလာတဲ့ ခမရ ၅၃၁ တပ်မှ အရာခံဗိုလ်တစ်ဦးက MA-3 သေနတ် ၁ လက်နဲ့ ဆက်စပ်ပစ္စည်းနဲ့အတူ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF ထံ လာရောက် ခိုလှုံခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

KNDF ထံ ထွက်ပြေးခိုလှုံလာတဲ့ အရာရှိဗိုလ်ဟာ စစ်တပ်ထဲ စစ်မှုထမ်း လုပ်သက် အနှစ် ၄၀ ကျော်ရှိပြီး စစ်ကောင်စီတပ် လက်အောက်မှာ ဆက်ပြီး တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့ဘူးလို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်ကလည်း ပြည်သူ့စစ်မှုထမ်းအဖြစ် အတင်းအဓမ္မ စုဆောင်းခံရပြီး ကရင်နီ ရှေ့တန်းဘက် ပို့ခံရတဲ့ စစ်သား ၇ ဦးဟာ KNDF ထံ ထွက်ပြေးခိုလှုံလာခဲ့ပါတယ်။

စစ်တပ်ရဲ့ တပ်သားအဖြစ် ကျန်ရှိနေတဲ့ တပ်ဖွဲ့ဝင်အနေနဲ့ စစ်အာဏာရှင်လူတစ်စုရဲ့ အကျိုးစီးပွားရေးအတွက် ရပ်တည်နေမယ့်အစား အခုလို အချိန်မီ လူထုထံ ခိုလှုံပြီး ဂုဏ်သိက္ခာရှိစွာ ရှင်သန်နိုင်ကြဖို့လည်း KNDF က တိုက်တွန်းထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။