ဓာတ်ပုံ – KNU

ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ ဘီးလင်း

ကရင်အမျိုးသား အစည်းအရုံး- KNU ရဲ့ ကော်သူးလေ အုပ်ချုပ်နယ်မြေ ဒူးသထူ (သထုံ)ခရိုင် ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦး ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ KNU က မနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက် ည ၁၁ နာရီခွဲမှာ ဘီးလင်းမြို့နယ် ကော်ဟဲကျေးရွာအုပ်စု ကော်ဟဲရွာအနီးကို စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် ကောင်းဟဲရွာက စောထီးခုနဲ့ ယားနော့ပတားအပါအဝင် ရွာခံ ၅ ဦး ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကော်ဟဲရွာက နေအိမ် ၉ လုံးနဲ့ ဒေသခံတွေရဲ့ ပစ္စည်းတချို့ ထိမှန်ပျက်စီးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက် မနက် ၁၀ နာရီခွဲခန့်မှာလည်း ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းရွာပတ်ဝန်းကျင်နဲ့ ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၀ ဦးကျော် ထိမှန်ခဲ့ပြီး အဲဒီအထဲက ၃ ဦး သေဆုံးခဲ့တယ်လို့ KNU က ဖေဖော်ဝါရီ ၁၃ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

KNU ထိန်းချုပ်ဒေသမှာ စစ်တပ်က လက်နက်ကြီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတွေ မကြာခဏ ထိခိုက်ဒဏ်ရာ ရရှိနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။