ဓာတ်ပုံ- Local

မြတ်နိုး၊ ဇူလိုင် ၁၈ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မှာ ဒီနေ့ ဇူလိုင် ၁၈ ရက် ညနေပိုင်းက လက်နက်ကြီးကျလို့ ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာ ရသွားသလို လေကြောင်းနဲ့လည်း ဗုံးကြဲတိုက်ခိုက်သွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“လေယာဉ်ဗုံးက ခုဏ ညနေ ၅ နာရီ ၄၀ လာကြဲသွားတာ။ လက်နက်ကြီး ကျတာက လေယာဉ် ဗုံးကြဲတဲ့ရှေ့မှာ။ ရဲစခန်းရှေ့နားမှာလို့ သိရတယ်” လို့ ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။

လေကြောင်းကနေ ဗုံးလာကြဲသွားတဲ့ နေရာအတိအကျကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

“ဖားကန့်မြို့ အ.ထ.ကကျောင်းရှေ့ လမ်းဆုံဘက် ဗျူဟာကုန်းနဲ့ ရဲစခန်းကြားမှာ ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၄ နာရီလောက်က လက်နက်ကြီးတစ်လုံး ကျကွဲတာ” လို့ ‌ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ရေခဲမုန့်ရောင်းတဲ့ အမျိုးသမီးတစ်ဦး၊ အားကစား ပစ္စည်းဆိုင်က အမျိုးသမီးနှစ်ဦး၊ လမ်းသွားလမ်းလာ ဆိုင်ကယ်မောင်း ဖြတ်သန်းလာတဲ့ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အနည်းအကျဉ်း ထိသူတွေလည်း ရှိတယ်လို့ ပြောပါတယ်။

ဖားကန့်ဒေသမှာ စစ်တပ်နဲ့ KIA, KPDF ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက် ထိတွေ့တိုက်ပွဲ နေ့တိုင်းလိုလို ဖြစ်ပွားနေပြီး ပစ်လိုက် နားလိုက် ဖြစ်နေပြီး ပြင်းပြင်းထန်ထန် ဖြစ်ပွားတာမျိုးတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

‌စစ်‌တပ်က ဖားကန့်ဒေသအားလုံးကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ပြီးခဲ့တဲ့ ဇွန်လကတည်းက စစ်ကြောင်းထိုး လှုပ်ရှားနေတာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။