ဓာတ်ပုံ- CJ

အိုက်ပွီး၊ လွေးလာဝ်ဇာရ်၊ နိုဝင်ဘာ ၇ ရက်၊ ပုဏ္ဏားကျွန်း

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ထဲက ကျေးရွာ ၃ ရွာ လေကြောင်းအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ဒေသခံ ၅ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ဒီနေ့ နိုဝင်ဘာ ၇ ရက် မနက် ၁၁ နာရီခွဲမှာ ယိုးတရုပ်ရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ကွမ်းတောင်နဲ့ အောင်ဖြူပြင်ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဒီနေ့ တစ်ရက်ထဲမှာဘဲ လာပစ်သွားတာ။ လက်နက်ကြီးလည်း ပစ်တယ်။ ၅ ယောက် သေ ၉ ယောက် ဒဏ်ရာ ရတယ်။ ဟိုတစ်ခါလည်း ယိုးတရုပ်ရွာမှာဘဲ လေ‌ယာဉ်နဲ့ကြဲသွားတယ်”

ယိုးတရုပ်ရွာမှာ လေယာဉ်နဲ့ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်မှု‌ကြောင့် အမျိုးသမီး ၄ ဦးအပါအဝင် ၅ ဦး သေဆုံးပြီး အမျိုးသမီး ၃ ဦးအပါအဝင် ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ယိုးတရုပ်ရွာ လေကြောင်း တိုက်ခိုက်မှုကြောင့် လူနေအိမ်တွေလည်း ဗုံးစ ထိမှန်ပျက်စီးသွားပြီး ပျက်စီးမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ပုဏ္ဏားကျွန်းမြို့နယ်ဒေသခံတစ်ဦးက “ရွာထဲမှာ ဗုံးကြဲတာဆိုတော့ လူနေအိမ်တွေလည်း အတော်လေးကို ပျက်စီးသွားပါတယ်။ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ အခု လူတွေ ရှာဖွေကယ်ဆယ်ရေး လုပ်နေကြလို့ အလုပ်ရှုပ်နေကြပါတယ်” လို့ ရွှေဖီမြေသို့ ပြောပါတယ်။

ကွမ်းတောင်ရွာမှာတော့ စစ်တွေအခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ၃၄၄ က ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာ ရရှိကာ အောင်ဖြူပြင်ရွာမှာလည်း အသေခံဒရုန်းနဲ့ ဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် အမျိုးသမီး ၁ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။