ပို့လဘား၊ ဩဂုတ် ၉ ရက်၊ မိုးကုတ်
ဒီနေ့ ဩဂုတ်လ ၉ ရက် ညနေ ၆ နာရီခွဲအကျော်မှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ မိုးကုတ်မြို့ အရှေ့ပိုင်းမှာ ဘုန်းကြီးတစ်ပါးအပါအဝင် ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဘုန်းကြီးတစ်ပါး၊ အသက် ၇၁ နှစ်ရွယ်ရှိတဲ့ အမျိုးသားတစ်ဦး၊ အသက် ၃၂ အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၁၁ နှစ်နဲ့ ၈ နှစ်အရွယ်ကလေး ၂ ဦးတို့ ထိမှန်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
“ပေါင် ၅၀၀ ၂ လုံးနဲ့ လာချတာ။ ဘုန်းကြီးကျောင်းမှာ ထိတယ်။ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေက ကပ်လျက်ရှိတော့ ထိသွားတာ။ ဒဏ်ရာရသူက ဘုန်းကြီးတစ်ပါးနဲ့ အမျိုးသမီး ၂ ဦးထိတာ” လို့ သတင်းအရင်းတစ်ဦးက ပြောပါတယ်။
သီပေါမြို့ကိုလည်း ဒီနေ့ ညနေ ၄ နာရီခွဲမှာ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၇ လုံးလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်ကလည်း မိုးကုတ်မြို့ အနောက်ပိုင်းဘက်ကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၃ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။