ဓာတ်ပုံ – TNLA

ယာရူစိင်၊ ဖေဖော်ဝါရီ ၁၀ ရက်၊ မိုးကုတ်

တအာင်းတပ် ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ‌သေဆုံးသူ ၅ ဦးအထိ ရှိလာပြီး ၄ နှစ်ကလေးငယ်အပါအဝင် ၂၀ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက် မနက်အစောပိုင်း ၁၂ နာရီကျော်မှာ မိုးကုတ်အနောက်ပိုင်းရှိ ဝင်းထရံ ကျောက်လုပ်ကွက်ကို Y-12 လေယာဉ်နဲ့ ဗုံးအလုံး ၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ဒဏ်ရာရတဲ့အထဲ ၄ နှစ် ကလေးတစ်ယောက်လဲ ပါတယ်ဗျ။ သေဆုံးသူတွေက အကုန်အမျိုးသားတွေဘဲဗျ။ နမ့်ဆန်က တစ်ယောက်၊ ကသဲအုပ်စု နန်းနွဲ့ရွာက တစ်ယောက်နဲ့ မြို့ကြီးရွာက တစ်ယောက် ကျန်တဲ့ ၂ ယောက်တော့ မသိရဘူးဗျ” လို့ မြေပြင်အခြေအနေသိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုးကုတ်မြို့ကို စစ်တပ်က မကြာခဏ ဗုံးကြဲချလေ့ ရှိတာကြောင့် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းကို TNLA ဘက်က ပိတ်ပင်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်မှာလည်း TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

TNLA ရဲ့ထုတ်ပြန်ချက်အရ ဇန်နဝါရီလအတွင်း TNLA ထိန်းချုပ်ဒေသမှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ ဦး သေဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။