ဓာတ်ပုံ – KNDF

မိုင်းရူပ၊ မတ်လ ၄ ရက်

ရှမ်းတောင်-ကရင်နီနယ်စပ်နဲ့ ကရင်နီပြည်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၁ လအတွင်း အရပ်သား ၅ ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ရှမ်းတောင် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အပါအဝင် ကရင်နီပြည် လွိုင်ကော်နဲ့ ဒီမောဆိုမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်

အသက်မပြည့်သေးတဲ့ ကလေးငယ် ၄ ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့တာဖြစ်ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၅၀ ထက်မနည်းနဲ့ စာသင်ကျောင်း ၄ ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၄ ခုလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒီမောဆိုအနောက်ခြမ်းမှာလည်း စစ်ကောင်စီတပ်ဟာ နေ့စဥ်လိုလို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်နေပြီး ဒီနေ့ မတ်လ ၄ ရက်မှာလည်း စစ်ကောင်စီတပ်က ဒီမောဆိုအနောက်ခြမ်းကို လေယာဥ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒီမောဆိုအနောက်ခြမ်းရှိ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“လေယာဥ်နဲ့ ၂ ကြိမ် လာကြဲသွားတယ်။ ထိခိုက်မှုတော့ မသိရသေးဘူး။ ဒီမောဆိုကနေလည်း လက်နက်ကြီးတွေ ပစ်နေတာ။ လက်နက်ကြီးအစတောင် ကျမတို့နားအထိ ရောက်လာတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ဖားဆောင်း၊ ဘောလခဲနဲ့ လွိုင်ကော်မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေး အင်အားစုတွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ရှမ်းတောင် မိုးဗြဲမြို့မှာတော့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တစ်လလုံးလုံး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်က မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၇ ဦး သေဆုံးပြီး KNDF ဘက်ကလည်း ဖေဖော်ဝါရီလထဲက တိုက်ပွဲအတွင်း ရဲဘော် ၅ ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ကရင်နီပြည်က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။