ရွှေဖီမြေ၊ ဧပြီ ၂၇ ရက်

တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ဦးဆောင်မှုနဲ့ ဖွဲ့စည်းထားတဲ့ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်- SAF တည်ထောင်တာ ဒီနေ့ ဧပြီ ၂၇ ရက်မှာ ၄ နှစ်ပြည့်ခဲ့ ပြီဖြစ်ပါတယ်။

စစ်ကောင်စီတပ်က လူထုတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေ ဆက်တိုက်ကျူးလွန်နေပြီး အင်အားကြီးနိုင်ငံအချို့ဟာ စစ်ကောင်စီကို ထောက်ခံအားပေးနေတာ တွေ့ရတယ်လို့ SAF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

တော်လှန်ရေးအင်စုတွေအနေနဲ့ ပြည်တွင်းရန်အပြင် အပြင်ရန်ကိုပါ တော်လှန်နေရပြီး ခေါင်းဆောင်မှုပေးနိုင်တဲ့ ခိုင်မာတဲ့ နိုင်ငံရေး စစ်ရေးမူနဲ့ တပ်ပေါင်းစုကို ကြိုးပမ်း တည်ဆောက်ရမယ့် ကာလဖြစ်ကြောင်း ရှုမြင်တယ်လို့ ဆိုပါတယ်။

ဒီနေ့မှာ ကျရောက်တဲ့ SAF တည်ထောင်ခြင်း ၄ နှစ်ပြည့်မှာ တအာင်းတပ်မတော်- TNLA လည်း သဝဏ်လွှာပေးပို့ခဲ့ပြီး SAF အပါအဝင် ဗမာလူမျိုးကိုယ်တိုင် လက်နက်ကိုင်လမ်းစဥ်မှအပ အခြားမရှိတဲ့ ယုံကြည်ချက်ကို မြန်မာတော်လှန်ရေးမှာ ပါဝင်လာတာဟာ တော်လှန်ရေးအတွက် များစွာအထောက်အကူပြုတယ်လို့ TNLA ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

SAF ဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။