ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန

မိုင်းရူပ၊ မတ်လ ၂၉ ရက်၊ အောင်မြေသာစံ

မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်ရှိ Sky Villa အဆောက်အဦးမှာ ငလျင်လှုပ်ခတ်မှုကြောင့် ပိတ်မိနေသူ ၄၃ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ ၉ ဦးရဲ့အလောင်း တွေ့ရှိထားတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ကယ်ဆယ်ရေး ဆက်လုပ်နေပြီး ငလျင်လှုပ်ခတ်မှု စတင်ဖြစ်ပွားချိန်ကစပြီး ဒီနေ့ မတ်လ ၂၉ ရက် နေ့လယ်ပိုင်းအထိ သေဆုံးသူအလောင်း ၉ လောင်း တွေ့ရှိထားပြီး ၄၃ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းရဲ့ နေရာအများစုမှာ အပျက်အစီး များနေပြီး ကယ်ဆယ်ရေး မရောက်နိုင်သေးတဲ့နေရာတွေလည်း ရှိနေသေးတယ်လို့ ပြည်ကြီးတံခွန်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“မန္တလေးက တစ်မြို့လုံးနီးပါးပါပဲ။ အခုထိ ကယ်ဆယ်ရေးတွေ မရောက်နိုင်သေးတဲ့နေရာတွေလည်း ရှိတယ်။ တချို့က အခုထိ ပိတ်မိနေတုန်းပဲ။ ၅၅ လမ်း၊ ၅၈ လမ်းတို့ အဆောက်အဦးတွေ ပိပြီးမှ သေနေတာလည်း ရှိတယ်”

ဒီနေ့လယ် ၂ နာရီနဲ့ ၃ နာရီကြား မန္တလေးမှာ နောက်ဆက်တွဲ ငလျင်ငယ် လှုပ်ခတ်မှု ထပ်မံ ဖြစ်ပွားခဲ့တယ်လို့ သူမက ဆက်ပြောပါတယ်။

မနေ့ မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်မှုအတွင်း မန္တလေးတိုင်း ဥလှသိန်းဗိမ္မာန်မှာ ဓမ္မစရိယစာမေးပွဲ ဖြေဆိုနေတဲ့ သံဃာတော်အပါး ၆၀၀ ကျော်ထဲက အပါး ၈၀ ကျော်ဟာ အဆောက်အဦး ပိမိပြီး ပျံလွန်တော်မူခဲ့ပါတယ်။

ဒီနေ့ မတ်လ ၂၉ ရက် မနက်ပိုင်းအထိ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ မန္တလေးတိုင်းမှာ သေဆုံးသူ ၈၃၈ ဦး၊ ဒဏ်ရာရရှိသူ ၁,၆၇၀ ဦး၊ ပျောက်ဆုံးနေသူ ၆၈ ဦး ရှိနေပြီး သေဆုံးသူရဲ့ စာရင်းတွေကို ဆက်လက် ကောက်ယူနေပြီးတော့ အရေအတွက် ထပ်တိုးလာနိုင်ပါတယ်။

ဒီနေ့မနက်ပိုင်းအထိ နိုင်ငံတစ်ဝန်းမှာ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁,၀၀၂ ဦးနဲ့ ဒဏ်ရာရသူ ၂,၃၇၆ ဦး ရှိလာပြီလို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

နောက်ဆက်တွဲ ငလျင်ငယ် လှုပ်ခတ်မှု ထပ်မံ ဖြစ်ပွားခဲ့တာကြောင့် လူထုတွေအနေနဲ့ ဘေးလွတ်ရာ တိမ်းရှောင်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။