ရွှေဖီမြေ၊ ဩဂုတ် ၁၅ ရက်၊ မိုးကုတ်
ဩဂုတ်လ ၂ ပတ်အတွင်း စစ်ကောင်စီတပ်က တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေကို လေကြောင်းကနေ ၇ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် တအာင်းတပ် ထိန်းချုပ်ထားတဲ့ မိုးကုတ်၊ ကျောက်မဲ၊ သီပေါနဲ့ စစ်တပ် ပြန်လည် ထိန်းချုပ်လိုက်တဲ့ နောင်ချိုမြို့နယ်က ဒေသခံ ၄၀ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရွှေဖီမြေက ပြုစုထားတဲ့ အချက်အလက်ရ သိရပါတယ်။
မိုးကုတ်မြို့ကို ဩဂုတ် ၂ ရက်၊ ၉ ရက်နဲ့ ၁၄ ရက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာ အရပ်သား ၃၉ ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါ့အပြင် နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့နယ်ထဲ ဩဂုတ် ၁ ရက်၊ ၃ ရက်နဲ့ ၄ ရက်မှာ လေကြောင်းကနေ ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ အရပ်သား ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
လေကြောင်း တိုက်ခိုက်မှု ၇ ကြိမ်ဟာ မိုးကုတ်ကို ၃ ကြိမ်၊ သီပေါ ၂ ကြိမ်၊ ကျောက်မဲနဲ့ နောင်ချိုကတော့ ၁ ကြိမ်စီ တိုက်ခိုက်ခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။