ပုံစာ- ငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ မန္တလေးက အဆောက်အဦးတချို့

အင်းငယ်၊ ဧပြီ ၁ ရက်၊ မန္တလေး

မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်မှာ ငလျင်ဒဏ်ကြောင့် အကျဉ်းသား ၄ ဦး သေဆုံးပြီး ၁၀ ဦးခန့် ပြင်းထန်ဒဏ်ရာ ရရှိထားတယ်လို့ ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

မတ်လ ၂၈ ရက်က ငလျင် လှုပ်ခတ်နေချိန်အတွင်း အကျဉ်းသားတွေကို ထွက်ပြေးခွင့် မပေးတာကြောင့် အခုလို ထိခိုက်သေဆုံးရတာလို့ ဆိုပါတယ်။

ထောင်နဲ့ အဆက်သွယ် ပုံမှန်ရရှိနေသူတစ်ဦးက “ငလျင်လှုပ်ပြီး တော်တော်ကြာမှ ဖွင့်ပေးတာပါ။ ဖွင့်တဲ့အချိန်က ထိတဲ့သူ ထိနေပြီ။ အုတ်နံရံတွေ ပြိုကျလို့လေ။ အဲညတော့ အပြင်မှာ အိပ်ခွင့်ပေးပါတယ်။ နောက်ညကျတော့ အထဲကို အတင်းမောင်းသွင်းပြီး မဝင်ရင် စစ်တပ်ခေါ် ပစ်ခိုင်းမယ်လို့ ပြောပါတယ်။ အခုလည်း အန္တရာယ် မကင်းပါဘူး” လို့ ပြောပါတယ်။

ထိုခိုက်သေဆုံးသူ ၃ ဦးထဲမှာ အမျိုးသား ၂ ဦး၊ အမျိုးသမီးတစ်ဦး ပါဝင်ပြီး ကျန်တစ်ဦးကိုတော့ ကျားမ အတည်ပြုနိုင်ဖို့အတွက် ရွှေဖီမြေက စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဒဏ်ရာရရှိသူ ၁၀ ဦးကိုလည်း အကျဉ်းသားလား၊ ထောင်ဝန်ထမ်းတွေလားဆိုတာ သိရှိနိုင်ဖို့အတွက် ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပြီး နောက်ထပ် အတည်ပြုနိုင်ဖို့အတွက် သေဆုံးသူ ၈ ဦး ကျန်သေးတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် ဦးဆောင်ကော်မတီဝင်ဖြစ်သူ ကိုသိုက်ထွန်းဦးက “ဒဏ်ရာရ လူနာတွေကိုတော့ ထောင်ဆေးရုံမှာ ကုသပေးနေတယ်။ ဒါပေမဲ့ ထောင်ဆိုတာက နဂိူမူလကတည်းက ကျနော်တို့ ဆေးဝါး လုံလောက်မရှိတဲ့အပေါ်မှာတော့ အခက်အခဲ အများကြီး ကြုံနေရတယ်” လို့ ပြောချင်ပါတယ်။

လက်ရှိ အိုးဘိုအကျဉ်းထောင်မှာ ငလျင်ဒဏ်ကြောင့် အဆောက်အဦး အက်ကွဲတာ၊ ယိုင်နဲ့တာတွေ ကြုံနေရပေမဲ့ အကျဉ်းသားတွေကို အဆောင်ပြောင်းပေးတာမျိုး မရှိဘဲ အခန်းတစ်ခန်းမှာ လူပေါင်း ၁၆၀ အထိ ပြွတ်သိပ် ထည့်ထားတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်တွေရဲ့ ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်ပြီး ဒိုက်ဦး၊ ညောင်ဦး၊ ပုသိမ်၊ မိတ္ထီလာ၊ သာယာဝတီ၊ အင်းစိန်၊ သရက်၊ မအူပင်၊ တောင်ငူ၊ ကလေး စတဲ့ထောင် ၁၀ ခုမှာတော့ လူထိခိုက်သေဆုံးမှု မရှိဘူးလို့ PPNM တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။