ဓာတ်ပုံ- APM

အိုက်ပွီး၊ ဖေဖော်ဝါရီ ၂၁ ရက်၊ ပေါက်တော

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးနှစ်ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ ပေါက်တောမြို့နယ်က ရိုဟင်ဂျာရွာနဲ့ ရခိုင်ကျေးရွာ ၁၀ ရွာထက်မနည်းကို မနေ့ ဖေဖော်ဝါရီ ၂၀ ရက် နေ့လယ် ၁ နာရီ ၃၅ မိနစ်ခန့်မှာ Y-12 လေယာဥ်နဲ့ ဗုံးသီး အလုံးရေ ၅၀ ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“မနေ့က လေယာဥ်နဲ့ပတ်ပြီး ဗုံးကြဲသွားတာပါ။ ရွာတွေမှာက ဘာမှထူးခြားတာတွေလည်း မရှိဘူး။ ပုံမှန်အခြေအနေအတိုင်းပါပဲ။ ရွာသားတွေကလည်း သူ့အလုပ်သူ လုပ်နေကြတာပါ။ တချို့တွေဆို အလုပ် လုပ်နေရင်း ဗုံးစတွေ ထိမှန်ကုန်တယ်” လို့ ပေါက်တောမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်လို့ သေဆုံးသူတွေဟာ ရခိုင်ရွာဖြစ်တဲ့ ကျောက်တောင်ရွာက ၅ နှစ်အရွယ် ယောကျာ်းလေး ၁ ဦး၊ ၁၂ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး၊ ၂၄ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ ၅၀ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ ဖြစ်ပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲလည်း ကလေးငယ် ပါဝင်ပြီး ၎င်းတို့ဟာ လုံခြုံတဲ့နေရာတွေမှာ ဆေးကုသမှု ခံယူနေကြရတယ်လို့ သိရပါတယ်။

အသက်အန္တရာယ် စိုးရိမ်နေရတဲ့ လူနာတွေ ရှိတာကြောင့် သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့လည်း ဆိုပါတယ်။

ဗုံးစ ထိမှန်လို့ အရပ်သားနေအိမ် အများစုလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ပေါက်တောမြို့ပေါ် ရပ်ကွက်တချို့မှာလည်း စစ်တပ်က ဗုံးသီး ၁၀ လုံးထက်မနည်း ကြဲချသွားပြီး ဖုန်းဆက်သွယ်လို့ မရတာကြောင့် ထိခိုက်ပျက်စီးမှု ရှိနိုင်ပေမဲ့ အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။