ဓာတ်ပုံ- Local

ရဲမာန်၊ အောက်တိုဘာ ၃ ရက်၊ ရွှေဘို

စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် ကိုရင်လေး ၄ ပါး ပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ အောက်တိုဘာ ၂ ရက် မနက် ၁၁ နာရီမှာ ဟောင်ဝှစ်ဇာနဲ့ ၁၂၀ မမ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် သမိုင်းဝင် အောင်မြေဘုန်းကြီးကျောင်းမှာ ကျရောက်ပေါက်ကွဲခဲ့ရာ ဘုန်းကြီး ၇ ပါးလည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

“ရွှေဘိုမြို့ တောင်ဘက်အထွက်မှာ နယ်မြေခံ ပကဖအဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်တာကို မြို့တွင်း အထိုင်တပ်တွေကနေ လက်နက်ကြီး ပစ်ကူပေးတာ။ ပစ်ကူပေးနေတာကတော့ ခဏခဏ ပစ်ပေးနေတာ။ မြို့တွင်း ၃ လုံး ကျတာ။ ၂ လုံးက မကွဲတာ။ TWS ကိုယ်ပိုင်ကျောင်းအနီးနဲ့ ဆည်မြောင်းရုံးအနီးမှာက မပေါက်ကွဲခဲ့ဘူး”

ပစ်ခတ်မှုကြောင့် အသက် ၁၄ နှစ်အရွယ် ရှင်ဉာဏိက၊ ရှင်ဥတ္တမ၊ ရှင်ဝိမလနဲ့ ဆိပ်ခွန်ရွာက စာသင်သား ကိုရင်လေးတစ်ပါးတို့ ပျံလွန်တော်မူခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

လူထုတွေအနေနဲ့ ဗုံးသံ သေနတ်သံ ကြားတဲ့အချိန်မှာ ကျည်ကွယ်ရာနေရာမှာ နေထိုင်ကြဖို့နဲ့ လက်နက်ကြီးအန္တရာယ်‌ကာကွယ်ရေး နည်းလမ်းတွေကို လေ့လာထားကြဖို့အပြင် သတိထား နေထိုင်ကြဖို့လည်း တော်လှန်ရေးတပ်ဘက်က တိုက်တွန်းထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။