ဓာတ်ပုံ – Local

ပို့လဘား၊ စက်တင်ဘာ ၁၀ ရက်၊ မိုးကုတ်

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့မှာ ဂတ်အိုးပေါက်ကွဲမှုကြောင့် အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက် မနက် ၈ နာရီခွဲအကျော်မှာ မိုးကုတ်မြို့ ရှောလီဝေါရပ်ကွက်မှာရှိတဲ့ နေအိမ်တစ်အိမ်ဟာ ထမင်းချက်ရာကနေ ဂတ်အိုးပေါက်ကွဲပြီး နေအိမ်မီးလောင်ခဲ့တာ ဖြစ်တယ်လို့ ဖြစ်စဉ်သိရှိသူအမျိုးသားတစ်ဦးက ဆိုပါတယ်။

“ဂိတ်အိုးပေါက်ပြီး နေအိမ်မီးလောင်သွားတာ။ သုံးယောက်က လက်နဲ့ ခြေထောက်တွေမှာ ဒဏ်ရာရကြတယ်။ တစ်ယောက်က ခန္ဓာကိုယ်မှာ လောင်သွားတယ်” လို့ ပြောပါတယ်။

အဲဒီနေအိမ်မီးလောင်မှုကြောင့် အသက် ၂၈ နှစ်အရွယ်ရှိတဲ့ ကိုအောင်ကျော်ကျော်၊ အသက် ၂၉ နှစ်ရှိတဲ့ ကိုမျိုးလှိုင်ဝင်း၊ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ကိုရှိုင်းထက်အောင်နဲ့ အသက် ၁၉ နှစ်ရှိတဲ့ ကိုစောရန်နိုင်တို့က မီးလောင်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။

နေအိမ်တစ်ခုလုံး မီးလောင်ပြာကျသွားတဲ့အချိန်မှာ နေအိမ်အတွင်းမှာရှိတဲ့ ပစ္စည်းအားလုံးလည်း မီးလောင်ဆုံးရှုံးသွားခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ရက်ကလည်း နမ့်ခမ်းမြို့နယ် ၁၂ မိုင်ကျေးရွာမှာ ကားတစ်စီးတိမ်းမှောက်သွားခဲ့တာကြောင့် နေအိမ် ၂ လုံးနဲ့ ကားတစ်စီး မီးလောင်ပျက်စီးခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။