ဓာတ်ပုံ- ပြင်ဦးလွင်ခရိုင် ပကဖ

လွေးထွေး၊ ဧပြီ ၁၂ ရက်၊ သပိတ်ကျင်း

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကြက်ရိုးပင်ကျေးရွာကို စစ်ကောင်စီတပ်က‌‌ လေကြောင်းက‌နေ တိုက်ခိုက်ခဲ့လို့ ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံရဲ့ ပြောပြချက်အရ သိရပါတယ်။

ဖြစ်စဉ်ဟာ မနေ့ ဧပြီ ၁၁ ရက် ည ၁ဝ နာရီဝန်းကျင်မှာ တိုက်ပွဲ ဖြစ်ပွားတာမရှိတဲ့ ကြက်ရိုးပင်ရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၂၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

ပြင်ဦးလွင်ခရိုင် ပကဖ သတင်းတာဝန်ခံက “တိုက်ပွဲ ဖြစ်နေတာလဲ မဟုတ်ဘူး။ ရွာထဲကိုဘဲ ကြဲသွားတာ။ ထိခိုက်ဒဏ်ရာ ရတာက လူလတ်ပိုင်းတွေဘဲ။ နာမည်နဲ့ ကျားမကိုတော့ မသိရဘူး” လို့ ပြောပါတယ်။

အရပ်သားတွေ ထိခိုက်ဒဏ်ရာ ရတဲ့အပြင် နေအိမ် ၃ လုံး၊ Golden Hill KTV နဲ့ အိမ်မွေးတိရစ္ဆာန်တချို့လည်း သေဆုံးဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ ဧပြီ ၁၂ ရက် နေ့လယ် ၂ နာရီခန့်ကလည်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျခတ်ရွာ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို ကိုရင် ၃ ပါးအပါအဝင် လူ ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အလားတူ ဧပြီ ၁၀ ရက်ကလည်း မတ္တရာမြို့နယ် ရေချောင်းဗိုလ်ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ဧပြီလအတွင်း စစ်တပ်ဟာ နောင်ချို၊ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း စတဲ့နေရာတွေကို မကြာခဏ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူထုတွ စိုးရိမ်ကြောက်လန့်နေကြရတယ်လို့လည်း ဆိုပါတယ်။

လူထုတွေအနေနဲ့ စစ်တပ်နဲ့ဝေးရာမှာ နေထိုင်ဖို့၊ လေကြောင်းရန် ကာကွယ်ဖို့အတွက် ဗုံးခိုကျင်း တူးထားဖို့ကိုလည်း ပြင်ဦးလွင်ခရိုင်ပကဖက တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က ငလျင် လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် ၃ ပတ်ကြာ ယာယီ အပစ်ရပ်မယ်လို့ ကြေညာခဲ့တဲ့ စစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့ နေရာအနှံ့မှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။