ဓာတ်ပုံ- CJ

အိုက်ပွီး၊ မတ်လ ၂၇ ရက်၊ ပုဏ္ဏားကျွန်း

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ စစ်ဘေးရှောင် မိသားစုဝင် ၃ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၂၅ ရက် ည ၇ နာရီမှာ စစ်ဘေးရှောင်အများစုနဲ့ အရပ်သား နေထိုင်တဲ့ အောင်ဖြူပြင်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ပေါင် ၅၀၀ ဗုံးသီးတစ်လုံးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

“မိသားစုဝင် ၃ ဦးက ပွဲချင်းပြီး သေဆုံးသွားတယ်။ တစ်ယောက်ကတော့ ဆေးကုသမှု ခံယူနေရင်း ဒီနေ့ (မတ်လ ၂၆ ရက်) သေဆုံးတာပါ။ သူတို့တွေက ပုဏ္ဏားကျွန်းမြို့ကနေ စစ်ဘေးရှောင်ကြတဲ့သူတွေ ဖြစ်ပါတယ်” လို့ ပုဏ္ဏားကျွန်းမြို့နယ် ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

သေဆုံးသူတွေဟာ ပုဏ္ဏားကျွန်းမြို့ လိပ်ကုန်းပြင်ရပ်ကွက်က စစ်ဘေးရှောင်လာတဲ့ ဦးသန်းမောင် (၅၃ နှစ်)၊ ဇနီးဖြစ်သူ ဒေါ်မရီ (၄၅ နှစ်)၊ သားဖြစ်သူ ကိုမောင်သက်နိုင် (၁၉ နှစ်)နဲ့ ကိုရဲလင်းစိုး (၂၅ နှစ်)တို့ ဖြစ်ပါတယ်။

ဒါ့အပြင် အသက် ၂ နှစ်မှ ၁၅ နှစ်ကြား ကလေး ၅ ဦး၊ အမျိုးသမီး ၇ ဦးအပါအဝင် စစ်ဘေးရှောင် ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အဲဒီထဲမှာ ပြင်းထန်ဒဏ်ရာ ရရှိသူလည်း ပါဝင်တာကြောင့် အသက်အန္တရာယ် စိုးရိမ်ရသူ ပါဝင်နေပါတယ်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာ ရရှိသူတွေကို လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ ပြောင်းရွှေ့ထားပြီး ဆေးကုသမှု ပြုလုပ်ပေးနေပါတယ်။

စစ်အာဏာသိမ်းပြီး လေးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုအပါအဝင် သတ်ဖြတ်မှုကြောင့် အရပ်သား ၆,၄၄၈ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP က မတ်လ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။